AAနဲ့ စစ်တပ် စစ်မျက်နှာငါးခုစလုံး တိုက်ပွဲပြင်းထန်နေ ၊ စကခမှူးတစ်ဦး ထပ်မံသေဆုံး

AAနဲ့ စစ်တပ် စစ်မျက်နှာငါးခုစလုံး တိုက်ပွဲပြင်းထန်နေ ၊ စကခမှူးတစ်ဦး ထပ်မံသေဆုံး
ဇန်နဝါရီ-၆၊၂၀၂၅။အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတဲ့စစ်မျက်နှာငါးခုစလုံးမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေပြီး ဗိုလ်မှူးကြီးနဲ့ဗိုလ်မှူးအဆင့်တွေပါ သေဆုံးခဲ့သလို စစ်သုံ့ပန်းအများအပြားကို AA
နဲ့ မဟာမိတ်တွေက ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ပြည်နယ်ကစစ်တွေနဲ့ကျောက်ဖြူမြို့၊ မကွေး၊ ပဲခူးနဲ့ဧရာဝတီတိုင်းထဲက ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသ ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်ဖြစ်တဲ့ပန်းတောင်းမြို့နယ်ထဲမှာ ဇန်နဝါရီလ၄ရက်နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူးဗိုလ်မှူးကြီးဟန်လင်းအောင်သေဆုံးသွားတယ်လို့မြေပြင်စစ်ရေးသ
တင်းရင်းမြစ်ကပြောပါတယ်။
” ၆၆၆ ကိုပြန်ယူဖို့ တိုးလာတာ။တိုက်ပွဲအပြင်း
အထန်ဖြစ်ပြီးစကခ(၁၀) ရဲ့စကခမှူးဒရုန်းထိသေတဲ့သတင်း အတည်ပြုနိုင်တယ်။ သူနဲ့အတူဆယ်ယောက်ကျော် သေတာပါ”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ဗိုလ်မှူးကြီးဟန်လင်းအောင် ဟာစစ်တက္ကသိုလ်
(DSA)အပါတ်စဥ် ၄၃ ​ကျောင်းဆင်း ဖြစ်ပြီး စကခ (၁၀)တပ်မမှူးဖြစ်ပါတယ် ။ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးသွားတဲ့သတင်းကို AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခက ရခိုင်အခြေစိုက်သတင်းဌာနအချ်ို့ကို အတည်ပြုပေးထားပါတယ်။
၆၆၆ပွိုင့်ကုန်းဟာပန်းတောင်းမြို့နယ်၊ပုဂံဂွေ့ (ပန်းကန်ကွဲ)ရွာတောင်ဘက်၊ ၉ ကီလိုမီတာအ
ကွာမှာ ရှိပြီး ပြီးခဲ့တဲ့အောက်တိုဘာလမှာ AAနဲ့ မဟာမိတ်တွေကသိမ်းယူထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲဲ့ မကွေးတိုက်နယ်စပ်ဖြစ်တဲ့ အမ်း
-ပဒါန်းလမ်းပိုင်းအနီးက နတ်ရေကန်ဗျူဟာကုန်းအနီးမှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။
“သုံ့ပန်းတချို့ထွက်ပြေးလာတာရှိတယ်။နတ်ရေ
ကန်ဗျူဟာကို ပြန်ချိန်ဆက်နိုင်ဖို့ စစ်ဆိုင်လာတဲ့ အနေအထားမှာ စစ်တပ်ကတက်လာတာနဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်တယ်။ ကျနော်တို့ကဖြတ်တောက်ထားနိုင်တယ်” လို့ဇန်နဝါရီလ၆ရက်နေ့အထိအခြေအနေကို မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
စစ်တပ်စစ်​ကြောင်းတွေက နတ်ရေကန်ဗျူဟာနားကပဇီရွာကိုတပ်စွဲထားပြီးအဲဒီကိုအင်အားတွေပို့ဆောင်နေပါတယ်။ နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာကို ‌AAနဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။နတ်ရေကန်ဗျူဟာထဲကကမ္ဘာလုံးပုံအ
ဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။
“လေကြောင်း၊ဒရုန်းနဲ့လက်နက်ကြီးပစ်တာက
တော့ တစ်ရက်မှမနားဘူး။ နေ့တိုင်း ဗုံးကြဲခဲ့တယ်။ မြေပြင်တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကရှေ့ကိုတိုးလို့လုံးဝမရဘူး” လို့ နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့လည်းပဇီရွာဘက်ကနေစစ်ကောင်စီစစ်ကြောင်းတိုးလာလို့ တိုက်ပွဲအပြင်း
အထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ဧရာဝတီတိုင်းနယ်စပ်ဖြစ်တဲ့ လေး
မျက်နှာမြို့နယ်၊ သာပေါင်းမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ လေး
မျက်နှာမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၆ ရက်မှာတိုက်ပွဲအပြင်းအထန်ဖြစ်​တေပြီး စစ်တပ်ရဲ့လက်
နက်ကြီးပစ်ခတ်သံတွေကို အနီးပတ်ဝန်းကျင်မြို့တွေကနေကြားနေရပါတယ်။
အပြီးသတ်သိမ်းယူမယ်လို့ AAကတရားဝင်ထုတ်
ဖော်ပြောကြားထားတဲ့ ကျောက်ဖြူနဲ့စစ်တွေမြို့မှာလည်း AAက စစ်ရေးအရှိန်မြှင့်လိုက်တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
“ကျောက်ဖြူမှာလည်းလက်ကျန်စခန်းတွေကို နည်းမျိုးစုံနဲ့တိုက်နေပြီလို့ကြားတယ်။စစ်တွေမှာကပိုပြီးတိုက်ပွဲပြင်းတယ်။ တိုက်ပွဲတွေပိုပြီးပြင်းနေတော့ လေကြောင်းအန္တရာယ်ကိုပိုပြီးသတိထားနေကြတယ်” လို့ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
စစ်တွေမြို့မှာဆိုရင်မြို့အနီးမှာစစ်တပ်ကအခိုင်
အမာတပ်စွဲထားတဲ့ ဝါဘိုစခန်း၊ ကျားမသောက် စခန်းနဲ့အမြင့်ကျွန်းတံတားထိပ်စခန်းတွေကိုAA
က ဗျူဟာမျိုးစုံနဲ့တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အထက်ပါဒေသတွေဖြစ်တဲ့ စစ်ရေးအချက်အချာကျသော နေရာ (၅) ခုမှာအပြန်အလှန်ထိုးစစ်တွေနဲ့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေခဲ့တယ်လို့ AAက ပြီးခဲ့တဲ့၂၀၂၅ခုနှစ်အောက်တိုဘာလမှာသီတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ နိုဝင်ဘာလထဲမှာတိုက်ပွဲတွေအရှိန် လျော့နေရာကနေ ပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာ ရခိုင်ပြည်နယ်ကမြို့တွေကိုပစ်မှတ်ထားပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုဆိုး
ရွားလာပြီးနောက် AAက စစ်ရှိန်ပြန်မြှင့်လိုက်တာလို့ စစ်ရေးလေ့လာသူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၁၀ရက်နေ့ညက
စစ်ကောင်စီက မြောက်ဦးမြို့ကပြည်သူ့ဆေးရုံကို လေကြောင်းကနေတိုက်ခိုက်လို့ ‌ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရခဲ့ပါတယ်။ စစ်တပ်က အာရက္ခတပ်​တော် နဲ့တိုက်ပွဲ​တွေမှာ အထိနာရင်အခုလို ပြည်သူ​တွေကို ဦးတည်ဗုံးကြဲသတ်ဖြတ်​လေ့ရှိတယ်လို့ ဦးခိုင်သုခက လူထု​နွေဦးကို​ပြောကြားခဲ့ပါတယ်။ ​
မြောက်ဦးဗုံးကြံမှုအပြီးမှာ AAက စစ်ကောင်စီကိုသတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ဖူးပါတယ်။မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် စစ်ကောင်စီ တာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်သွားမယ်လို့ AAက ထုတ်ပြန်ခဲ့ပါ။ အဲ့ဒီနောက်
ပိုင်းမှာပဲ AAနဲ့ စစ်ကောင်စီထိပ်တိုက်ရင်ဆိုင်ထားတဲ့စစ်မျက်နှာငါးခုစလုံးမှာတိုက်ပွဲတွေပိုမိုပြင်းထန်
လာတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်၊ လက်နက်
ကြီးအန္တရာယ်နဲ့ ပင်လယ်ပြင်ကရေတပ်သင်္ဘောတွေကနေပစ်ခတ်မှုတွေကို သတိပြုကြဖို့ AAက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
(ပန်း​တောင်းမြို့နယ်မှာ ဇန်နဝါရီ ၄ ရက်ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာ ​သေဆုံးခဲ့တဲ့ စကခ-၁၀ စကခမှူးဗိုလ်မှူးကြီးဟန်လင်းအောင် ရဲ့ ပခုံး​ပေါ်မှ အပွင့် နဲ့ တိုက်ပွဲမှာ AA ကသိမ်းဆည်းရရှိခဲ့တဲ့လက်နက်ခဲယမ်း​တွေ)