ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အင်းစိန်အကျဥ်းထောင်မှပြန်လွတ်

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အင်းစိန်အကျဥ်းထောင်မှပြန်လွတ်

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အင်းစိန်အကျဥ်းထောင်မှ ဇန်နဝါရီ ၄ ရက်က ပြန်လွတ်လာကြောင်း သိရသည်။
ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန် ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည့် ဦးရဲထွဋ်သည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပြည် သူလူထုအကြား ထိတ်လန့်အောင်ပြုခြင်း၊ မမှန်သတင်းများ ဖြန့်ဝေခြင်း၊ အစိုးရဝန်ထမ်း များအပေါ် ပြစ်မှုကျူးလွန်လာစေရန် ရည် ရွယ်လှုံ့ဆောင်ခြင်းများ ဆောင်ရွက်သည်ဟု ဆိုကာ ရန်ကုန်တိုင်းစစ်ဌာချုပ်မှ တာဝန်ရှိသူ တစ်ဦးက အလုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့သဖြင့် ကနဦးတွင် ၎င်းအား ပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် ဖမ်းဆီးခံရပြီး​နောက်တစ်လအကြာ တွင် ဦးရဲထွဋ်အား အလုံမြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးအမှုအမှတ် ၂၀၅/၂၀၂၃ တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ထောင် ဒဏ်သုံးနှစ်ချမှတ်ခဲ့ပြီး အလုံခရိုင်တရားရုံမှ ရာဇဝတ်ကြီးမှုအမှတ် ၉၇/၂၀၂၃တွင် ရာဇသတ်ကြီးပုဒ်မ၁၂၄ (က)အရ ထောင်ဒဏ် ခုနစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။
ပုဒ်မ ၁၂၄ (က) သည် နစကလက်ထက် ၌ ရာဇသတ်ကြီးတွင် အသစ်ပြင်ဆင်ဖြည့်စွက်ထားသည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၁၂၄ (က)၌ “အကြည်ညိုပျက်အောင်ပြုခြင်း မည်သူ မဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ် အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန် ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည် ထောင်စုအတွက် သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် သို့တည်းမဟုတ် တပ်မတော်ကိုဖြစ်စေ၊ တပ်မတော်အ ဖွဲ့ဝင်များ အတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်း ကောင်းပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျှင် သို့တည်းမဟုတ် မေတ္တာပျက် အောင် လှုံ့ဆော်လျှင် သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန်အားထုတ်လျှင် ထိုသူကို ထောင်ဒဏ်နှစ် ၂၀ အပြင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ် သို့မဟုတ် ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်ရမည်”ဟု ပြဋ္ဌာန်းထားသည်။