လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နာမည်ကျော် မော်ဒယ် နန်းမွေစံ ပြန်လွတ်လာ
DVB






လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကျဉ်းသား ၆,၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ Sexy မော်ဒယ် နန်းမွေစံလည်း ပြန်လည်လွတ်မြောက်လာပါတယ်။
Sexy မော်ဒယ် နန်းမွေစံနဲ့ သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်တို့ကို လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေယူဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ၂၀၂၂ ခုနှစ်မှာ အီလက်ထရောနစ်ဥပဒေနဲ့ ဖမ်းဆီးခဲ့ပါတယ်။
ဓာတ်ပုံ – သားငယ်(DVB)

နိုင်ငံတစ်ဝန်းမှ အကျဉ်းသားနှင့်အကျဉ်းသူ ၆၁၃၄ ဦးကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်ပေး
ရန်ကုန်၊ ဇန်နဝါရီ ၄
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားနှင့်အကျဉ်းသူ ၆၁၃၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း အကြမ်းဖက် စစ်ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်သည်။
ယနေ့ ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသောအကျဉ်းသား၊ အကျဉ်းသူ ၆၁၃၄ ဦးကို နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံစေရမည်ဟူ စည်းကမ်းသတ်မှတ်ချက်ဖြင့် လျှော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်တပ်က ထုတ်ပြန်သည်။
ယင်းအပြင် နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်း ၅၂ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး လိုက်ကြောင်း သိရှိရသည်။
ယင်းအပြင် လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲမှု၊ မတရားအသင်းဥပဒေ အပါအဝင် နိုင်ငံရေးပြစ်မှုများ၊ အဂတိလိုက် စားမှု ပြစ်မှုများမှအပ အခြားပြစ်မှုများနှင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူများကို ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက် သာခွင့်ပြုလိုက်ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။