နိရဉ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂၀၂

ရခိုင်ပြည်၊ သံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက်နှင့် ကျားကန်ကြီးအပိုင်းကို ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီဝန်းကျင်တွင် အကြမ်းဖက် မြန်မာလေတပ်က ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၉ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် အသက် (၁၅) နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် မိသားစုတစ်ခုမှ (၅) ဦးသေဆုံးခဲ့ရသည်။
သေဆုံးခဲ့သူမိသားစုများမှာကိုတင်မြင့် (၃၅ နှစ်)(ဘ)ဦးမောင်လုံး၊ ဇနီးဖြစ်သူ မမိသုံးပုံ (၃၅) နှစ်(ဘ)ဦးသန်းမြင့်နှင့်သားများဖြစ်ကြသည့် မောင်သက်နိုင်ဦး (၁၅) နှစ် မောင်သက်နိုင်ထွန်း (၁၂) နှစ်၊မောင်လှထွန်းနိုင် (၁၀)နှစ်တို့ဖြစ်ကြသည်။
နောက်ထပ်သေဆုံးသူ၄ မှာကိုစိုးဝင်း (၃၆) နှစ်(ဘ)ဦးရွှေတင်၊ မဝင်းဝင်းရွှေ (၃၃) နှစ် (ဘ) ဦးဖိုးဝင်း၊ မနွယ်နွယ်မျိုး (၄)နှစ်(ဘ)ဦးကျားရီ၊ မနွယ်နီဦး( ၂၃) နှစ်(ဘ) ဦးမင်းနိုင်တို့ဖြစ်ကြသည်။
ဒဏ်ရာသူ (၁၂) ဦးရှိပြီး ၎င်းတို့မှာ ကိုအေးမင်းထွန်း (၂၆) နှစ်၊ဦးမောင်သိန်းရွှေ (၆၁) နှစ်၊ ကိုကျော်ဝင်းနိုင် (၂၀) နှစ် (ဘ)ဦးဖီုးဝင်း၊မဝင်းအီအီဇော် (၃၁) နှစ်(ဘ)ဦးဘကြည်၊ ဦးဝင်းနိုင် (၅၆) နှစ် (ဘ) ဦကောင်းဘု၊ဒေါ်ပပလင်း (၄၈)နှစ်(ဘ) ဦးလှသောင်း၊ မောင်နိုင်နိုင် (၃၁) နှစ် (ဘ) ဦးမောင်သန်း၊ကိုမောင်ငို (၃၅) နှစ်(ဘ) ဦးဒူမဲ၊ ဦးသိန်းထွန်းဦး (၄၈) နှစ်(ဘ) ဦးမောင်တွင်၊ ဒေါ်ပုံချီ (၆၃)နှစ်(ဘ)ဦးမောင်ဖြူ၊ မောင်ထွန်းထွန်းဝင်း (၁၃) နှစ်နှင့်မအေးသန္တာခိုင်(ကယ်ဆယ်ရယူသူ) ၃ နှစ် (ဘ)ဦးမောင်ငိုတို့ဖြစ်ကြသည်။
” ဒဏ်ရာရသူအများစုဟာ ဒဏ်ရာပြင်းထန်ပါတယ်။ သိပ်ရက်စက်တဲ့ လုပ်ရပ်ပါ” ဟု ဒေသအတွင်းက လူမှုရေးဆောင်ရွက်နေသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။
အကြမ်းဖက်မြန်မာစစ်အုပ်စုသည်ဒီဇင်ဘာ ၂၉ ရက်နေ့ ည၈ နာရီခန့်တွင် သံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက်နှင့်ကျင်းကန်ကြီးရွာကိုဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်တိုင်တိုင် ပေါင်း (၅၀၀) ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအပြစ်မဲ့ပြည်သူ (၉) ဦးသေဆုံးခဲ့ရပြီး (၁၂)ဦး ဒဏ်ရာရှိခဲ့ကာလူနေအိမ်၂၃ လုံး မီးလောင် ပျက်စီးဆုံးခဲ့ရသည်။