လှည်းကူးမြို့နယ်၊ ကျောက်အိုင်ရွာ ရပ်ကွက်ရုံးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ပျူစောထီးများ လူစုနေချိန် မိုင်းခွဲမှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်

လှည်းကူးမြို့နယ်၊ ကျောက်အိုင်ရွာ ရပ်ကွက်ရုံးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ပျူစောထီးများ လူစုနေချိန် မိုင်းခွဲမှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကျောက်အိုင်ရွာ ရပ်ကွက်ရုံးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ပျူစောထီးများ လူစုနေချိန် မိုင်းခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Yangon Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန် လှည်းကူးမြို့ နယ်၊ ကျောက်အိုင်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လူစုနေချိန်တွင် တော်လှန်ရေး ရဲဘော်များက ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ တိုက်ခိုက်ခဲ့တဲ့ ရပ်ကွက်ရုံးက ရွေးကောက်ပွဲအတွက် မဲရုံလုပ်ထားတဲ့ ရပ် ကွက်ရုံးပါ။ အုပ်ကြီးနဲ့ ပျူခွေးတွေက လူစုပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ လုပ် ဆောင်နေတဲ့ အချိန်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ ပျူခွေးတွေ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။ ကျနော်တို့ သိရသလောက်ကတော့ ရပ်ကွက်ရုံးလည်း ပျက်စီးသွားတယ်” ဟု Yangon Army အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များ၊ အကြမ်းဖက် စစ်ကောင်စီပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပါ၀င်လုပ်ကိုင်နေကြသောသူများကို ဆက်လက်၍ အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ် ကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ- လမ်းပေါ်တွင် ပြည်သူများကို အကြမ်းဖက် ဖမ်းဆီး စစ်ဆေးနေသော စစ်တပ်နှင့် ပျူစောထီးများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)