တပ်မ(၉၉)၊ စကခ(၁၇)တို့အထိနာခဲ့တဲ့ နတ်ရေ
ကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)
ကိုထပ်ပို့
ဒီဇင်ဘာ-၂၃၊၂၀၂၅။အိမ်သွင်/People’s Spring
အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေ တိုက်
ခိုက်နေတဲ့နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ အာဏာ
သိမ်း စစ်တပ်က တပ်မ(၈၈)ကိုပါ အသုံးပြုလာပြီး မူလရှိနေတဲ့ အမှတ် (၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းတွေအပါအဝင် အင်အား ၁,၀၀၀ ခန့်အထိ သုံးပြီး ခုခံဖို့ပြင်ဆင်နေပါတယ်။
မင်းဘူးမြို့အခြေစိုက်တပ်မ(၈၈) လက်အောက်ခံတပ်ရင်းတွေကို စစ်တပ်နတ်ရေကန်ဗျူဟာခုခံတိုက်ခိုက်ဖို့ ပို့ဆောင်နေတာဖြစ်ပါတယ်။
“တပ်မ ၈၈ကိုပါ ပြန်သုံးလာတယ်။ဒါကြောင့် စကခ(၁၇)နဲ့ တပ်မ(၈၈)ပေါင်းပြီးအင်အား ၁၀၀၀ ကျော်သုံးနေတယ်။ တိုက်ပွဲကတော့ တပ်ဆိုင်ထားပြီးချနေတဲ့အနေအထားဖြစ်တယ်”လို့ People’s Spring ရဲ့ ဒေသခံစစ် ရေးသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ခန့်အကွာက ဂုတ်ကြီးစခန်းအနီးမှာ တိုက်ပွဲဖြစ်နေတာပါ။ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပါတယ်။
ဂုတ်ကြီးစခန်းကို AAက ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလမှာ ပြန်ရဖို့ တန်ပြန်ထိုး
စစ်စင်တိုက်ခိုက်ခဲ့ပြီးဒီဇင်ဘာလ၂၀ ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AA နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ ရက်နေ့မှာဂုတ်ကြီးရွာကနေ ပြန်လည်ဆုတ်ခွာသွားပါတယ်။
ဒါပေမယ့်ဂုတ်ကြီးရွာအနီးဝန်းကျင်မှာ မြေပြင်တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေလည်း နေ့စဉ် ဗုံးကြဲနေပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ အဲ့ဒီကာလမတိုင်မီက တပ်မ(၈၈)လက်အောက်ခံတပ်ရင်းတွေ နတ်ရေကန်ဗျူဟာကုန်းမှာ တပ်စွဲခဲ့ဖူးပါတယ်။ စတင်တိုက်ခိုက်ချိန်မှာတော့ ခုခံစစ်ကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။ကာကင်းစခန်းတွေကို AAနဲ့ မဟာမိတ်တွေက တစ်ခုပြီးတစ်ခု သိမ်းယူခဲ့ပြီး အထိနာနေတဲ့ စစ်တပ်က တပ်မ
(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေ
လထဲမှာ ပြန်ဖမ်းပြီး ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းကို တပ်မ(၉၉) တပ်မမှူးတာဝန်ပေးခဲ့ပါတယ်။ ထိုးစစ်စတင်တဲ့ ဖေဖော်
ဝါရီလထဲမှာတင် တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်း
ဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAကဖမ်းမိခဲ့ပါတယ်။
ဩဂုတ်လနှောင်းပိုင်းမှာတော့ တပ်မ(၉၉) လက်
အောက်ခံတပ်ရင်းတွေအစား ရှမ်းတောင်အခြေ
စိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)၁၇ကို ပို့ပြီး ခုခံခဲ့ပြန်ပါတယ်။ စကခ(၁၇) လက်အောက်
ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့နဲ့အတူ စစ်မှုထမ်းသင်တန်းဆင်းတွေပါလာတယ်လို့ အာရက္ခတပ်တော်(AA)က အောက်တိုဘာလ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲတွေမှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းမိထားပြီး အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေလည်း ဆက်
တိုက်ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလဆန်းမှာ စစ်ကောင်စီက ပဒါန်းမြို့နယ်ထဲက အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ကို တပ်မ(၈၈) ကအရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို စစ်ကား ၂၇ စီးနဲ့ ပို့ဆောင်ခဲ့ပါတယ်။
စစ်တပ်ကနတ်ရေကန်ဗျူဟာကိုလက်လွတ်ဆုံးရှုံး
ရမှာ စိုးတာကြောင့်ဗျူဟာပြောင်းဖို့ ကြိုးပမ်းနေတာလို့ တော်လှန်ရေးတပ်တွေဘက်ကသုံးသပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့ စစ်သားတွေအပါအဝင် အင်အား ၃၀၀ ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။
စစ်တပ်တွေက နတ်ရေကန်ဗျူဟာနားက ပဇီရွာကို တပ်စွဲထားပြီး ဂုတ်ကြီးရွာကိုအင်အားတွေပို့
ဆောင်နေပါတယ်။ နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာကို AAနဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်တပ်က လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။ နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။
(နတ်ရေကန် ဗျူဟာ အနီးဝန်းကျင်ကို Google Earth မြေပုံကိုတွေ့ရစဥ်)