နေအောင်ပါသွားပြီ တောင်းပန်လည်းမမှီတော့ဘူး

နေအောင်က ကိုယ့်ထမင်းရှင်ကို ပြန်သတ်ခိုင်းနေတာ (ရုပ်/သံ)
ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၅
ရုပ်ရှင်သရုပ်ဆောင်နေအောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်တပ်ဝါဒဖြန့် မီဒီယာတခုနဲ့အင်တာဗျူးမှာ တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့သူအားလုံးကို သတ်ဖို့ ပြောသွားပါတယ်။ ဒါ့အပြင် စစ်တပ်သာမကာကွယ်ရင် လူတွေအားလုံး ဘဝပျက်နေပြီလို့လည်း ပြောသွားပါတယ်။
နေအောင်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ရန်ကုန်တိုင်းအတွင်းက မဲဆွယ် စည်းရုံးပွဲတွေ၊ ဆိုင်းဘုတ်တင်ပွဲတွေနဲ့ USDP ကလုပ်တဲ့ အခမ်းအနားတွေမှာ ခပ်စိတ်စိတ် မြင်တွေ့ရပါတယ်။
ကြံခိုင်ရေးပါတီဟာ စစ်တပ်က လာတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီ ဖြစ်ပြီး သူဟာလည်းစစ်သား သားသမီး ဖြစ်တဲ့အတွက် စစ်တပ်ကျေးဇူး ရှိခဲ့တာကြောင့် ဒီပါတီကို ဝန်းရံနေတာဖြစ်တယ်လို့ နေအောင်က ထုတ်ပြောထား ပါတယ်။
#မြန်မာ #ဧရာဝတီ #နေအောင် #စစ်တပ် #ကြံ့ခိုင်ပေးပါတီ