ရန်ကုန်-ပြည်လမ်းပေါ်မှာ စစ်တပ်ယာဉ်တန်းကို PDFတိုက်ခိုက်၊ ဒုရဲအုပ်အပါအ၀င်၆ဦးသေဆုံး
ဒီဇင်ဘာ-၂၁၊၂၀၂၅။အိမ်သွင်/People’s Spring
ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်ကရန်ကုန်-ပြည်လမ်းပေါ်မှာစစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ်တဦး အပါအ၀င် ၆ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အုတ်ဖိုမြို့နယ်၊လွှစဥ်ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေက ဒီဇင်
ဘာလ ၁၉ရက်နေ့ညမှာ ဆိုင်ကယ်၅စီးနဲ့ ပြင်ပကိုထွက်ခွာလာစဉ် ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့ သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂ )တပ်ခွဲ(၄)၊မြေ
အောက်ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာဒုရဲအုပ်၁ဦးအပါအ၀င် ၆ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂ )၊တပ်
ခွဲ(၄)ကသတင်းထုတ်ပြန်ပါတယ်။
“ရန်ကုန်-ပြည်လမ်းမှာဒီအခရီးသွားကားတွေများနေတယ်။တိုက်ခိုက်တဲ့အချိန်ကတော့ လူသွားလူ
လာနည်းတဲ့အချိန်ဖြစ်ပါတယ်။ ကျနော်တို့က စစ်ရေးအခြေအနေကို ဘာမှကြိုမသိရပေမယ့် အခုရက်ထဲမှာ ခရီးအသွားအလာ သတိပြုဖို့လိုမယ်ထင်တယ်။ရန်ကုန်-ပြည်လမ်းတလျှောက်မှာလည်း တိုက်ပွဲမကြာခဏဖြစ်တယ်” လို့ အုတ်ဖိုမြို့ဒေသ
ခံတဦးကပြောပါတယ်။
တိုက်ခိုက်ခဲ့တဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို ပေါ်တာဆွဲဖို့အတွက်ထွက်လာတာဖြစ်ပြီး ရန်ကုန်-
ပြည်လမ်းပေါ်မှာ အပြန်အလှန် ပစ်ခတ်ချိန် ၅မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သာယာ၀တီခရိုင်တပ်ရင်း
(၃၈၀၂ )တပ်ခွဲ(၄)က သတင်းထုတ်ပြန်ထားပါတယ်။
G3သေနတ် ၂လက်၊ G3ကျည် ၂၅တောင့်၊ ကျည်ဘောက် ၂ခု၊ဓားမြှောင်၁ချောင်း၊ ဖျူ့စ် ၁ချောင်း၊မိုလ်ဘိုင်းဖုန်း ၁လုံးတို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။
သာယာတတီခရိုင်ထဲမှာဒီဇင်ဘာလ(၁၆)ရက်ကလည်း တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပြီး စစ်သားအများအပြားသေဆုံးခဲ့ပါတယ်။
လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ အင်
အား၃၀ခန့်နဲ့တပ်စွဲထားတဲ့စစ်သားနဲ့ရဲတပ်ဖွဲ့ပါဝင်တဲ့စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင် ၁၉ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိခဲ့တယ်လို့သာယာဝတီခရိုင်တပ်ရင်း – (၃)Myanmar Defense Forceက သတင်းထုတ်ပြန်ခဲ့ပါတယ်။