အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် မီးလောင်
AAMIJ/ ဒီဇင်ဘာ ၁၉



ယနေ့ ဒီဇင်ဘာ ၁၉ ရက် ညဦးပိုင်းက ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၈၁/၂) တွင် ခရီသည်တင်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ညဦးပိုင်း ၆ နာရီ မိနစ် ၂၀ လောက်က အဲဒီလို မီး လောင်မှုဖြစ်ပွားခဲ့တာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က
သတင်းထုတ်ပြန်ခဲ့တာပါ။
အဆိုပါ ခရီသည်တင်ယာဉ် မီးလောက်ကျွမ်းရာ နေရာကို သာဂရ အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၅၂ မိနစ်မှာ မီးငြိ မ်းသွားတယ်လို့ဆိုပါတယ်။
မီးလောင်ကျွမ်းချိန် မိနစ် ၃၀ ဝန်းကျင်ကြာမြင့်ခဲ့ပေမယ့်
လူထိခိုက်မှု မရှိဘူးလို့ မီးသတ်တပ်ဖွဲ့ကဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့ ယာဉ်အမည်နဲ့ ဖြစ်ပွားရတဲ့အကြော င်းအရာအသေးစိတ်ကို သိရဖို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။
ဓာတ်ပုံ – MFSD
#WhatsHappeningInMyanmar #aamij