NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသား ကြီး အပါအဝင် PDF ရဲဘော် ၅၀ ဝန်းကျင်တို့ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ က ဖမ်းဆီးမှု နှစ်ဖက်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၇


အမျိုးသားညီညွတ်ရေး-NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် ရဲဘော် ၅၀ ဝန်းကျင်တို့ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ် ရင်း ၁၂ က ဖမ်းဆီးလိုက်မှုနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဖြေရှင်း မှုများ လုပ် ဆောင်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မွန်းလွဲပိုင်း KNU တပ်မဟာ ၄ လက်အောက်ခံ သရက်ချောင်းမြို့နယ်အခြေစိုက် KNUတပ်ရင်း ၁၂ မှ ဖိုးသောကြာ/ထူးကပေါ် တို့ဦးစီးသော တပ် ရင်းက NUG လကအောက်ခံ အထူးတိုင်းစစ်ဌာန နည်း ဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင်း စစ်ဌာန ဒရုန်းတပ်ရင်း ဒုတပ်ရင်းမှူး ဒိုရာ အပါအ၀င် ရဲဘော် ၅၀ ဝန်းကျင်ကို လက်နက် ဖြုတ်သိမ်း၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို အတိအကျ မသိရှိရသော်လည်း အောက် ခြေရဲဘော်များအကြား ပြဿနာတက်ကြရာမှ နောက်ဆုံးတွင် တပ် ရင်းမှူးကိုများပါ ပြန်လည် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ ထိပ်ပိုင်း တာဝန်ရှိသူများအကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေပြီဖြစ်သဖြင့် အေးဆေးစွာပင် ပြဿနာ ပြီးစီးနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
“ပြဿနာကတော့ ကြီးကြီးမားမားမဟုတ်ဘူး။ ရဲဘော်တွေအချင်းချင်း ဖြစ်ကြတာကို သူ့လူကြီး ငါ့လူကြီးတွေပါလာကြရင်း ဖြစ်တာလို့တော့ အကြမ်းဖျဉ်းသိထားတယ်။ အခုသိရသလောက်တော့ နှစ်ဖက် လူကြီးတွေအားလုံး ညှိနှိုင်း ဆောင် ရွက်နေပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
KNU သတင်းရင်းမြစ်တချို့ကလည်း KNU ၏ ထိပ်ပိုင်း တာဝန်ရှိသူတချို့ကိုယ်တိုင် သတင်းများ တက်လာသည့်အချိန်မှ ယင်းကဲသို့ ဖမ်းဆီးမှု အခြေ အနေများကို သိရှိကြခြင်းဖြစ်ပြီး နှစ်ဖက် ညှိ နှိုင်း ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသည်။