မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး Shunda Park ကျားဖြန့်ခြံဝင်းကို ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ယင်းခြံဝင်းကို ချိတ်ပိတ်လိုက်ပြီဟု KNU ကြေညာ

မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး Shunda Park ကျားဖြန့်ခြံဝင်းကို ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ယင်းခြံဝင်းကို ချိတ်ပိတ်လိုက်ပြီဟု KNU ကြေညာ
ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးရှိ Shunda Park ငွေလိမ်ခြံဝင်း ရှင်းလင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ အဆိုပါငွေလိမ်ခြံဝင်းကို ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း KNU ဗဟိုက ယနေ့ တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။
အဆိုပါ ကျားဖြန့်ခြံဝင်းအတွင်းမှ ကျားဖြန့်လုပ်သား နိုင်ငံခြားသားများများအနက်မှ အများစုမှာ တရားဝင် ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး ထိုင်းဘက်အခြမ်းသို့ ကူးရန် သဲသောင်ပြင်ပေါ် စောင့်ဆိုင်းခဲ့ကြသော နိုင်ငံခြား သားများမှာလည်း သောင်းရင်းမြစ်ကို ရေကူး၍ ထွက်ခွာသွားခဲ့ကြကြောင်း၊ Shunda Park ငွေလိမ်ခြံဝင်းတွင်းကျန်ရစ်သူများမှ တချို့တဝက်သည်လည်း ဆူပူခြင်း မငြိမ်မသက် ဖြစ်ခြင်းများနှင့် ဆိုးရွားသော လုံခြုံရေး အခြေအနေများကို အခွင့်ကောင်းယူကာ ထွက်ပြေးခဲ့ကြကြောင်း သိရှိရသည်။
ထို့အပြင် KNLA အနေဖြင့် ငွေလိမ်ခြံဝင်းတွင်း လုံခြုံရေးအခြေအနေ ဆိုးရွားခြင်းနှင့်အတူ လူသား ချင်းစာနာ ထောက်ထားသည့် အခြေခံဖြင့် မလိုအပ်ဘဲ ခြံဝင်းအတွင်းကျန်ရှိသူ နိုင်ငံခြားသားများ၏ ထိခိုက်အနာတရဖြစ်မှုများကို ရှောင်ရှားရေးအတွက် Shunda Park ငွေလိမ်ခြံဝင်းလုံခြုံရေး တင်း ကျပ်မှုကို လျှော့ချခြင်း၊ မိမိအစီအစဉ်ဖြင့် ထွက်ခွာလိုသူများကို ခွင့်ပြုခြင်းများလည်းပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သောင်ရင်းမြစ်သဲသောင်ပြင်တွင် ထိုင်းဘက်သို့ ကူးရန် စောင့်ဆိုင်းနေသော နိုင်ငံခြားသား ကျားဖြန့် လုပ်သားများ အားလုံး အပြီးသတ် ထွက်ခွာသွားခဲ့ကြပြီး ငွေလိမ်ခြံဝင်းတွင်းမှ ကျားဖြန့်လုပ်သားများမှာလည်း တစ်ယောက်မျှ မကျန်တော့သည့် အနေအထားသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့ ကြောင့် KNU အနေနှင့် သဲသောင်ပြင်၌ စောင့်နေသူများအတွက် ထမင်းထုတ်များ စီစဉ်ပေးခြင်းများ ရပ်တန့်လိုက်ပြီး နေရာထိုင်းခင်းအဖြစ်စီစဉ်ခဲ့သော ရွက်ဖျင်တဲများရုပ်သိမ်းခြင်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
KNU အနေဖြင့် နိုင်ဝင်ဘာ၂၁ ရက်မှစ၍ Shunda Park ငွေလိမ်ခြံဝင်းကို စတင်ရှင်းလင်းခဲ့ရာအချိန်ကာလ ၃ ပတ် ကျော်အကြာတွင် လူကုန်ကူးခံရသူများအပါဝင် နေရပ်နိုင်ငံပြန်လိုသော ကျားဖြန့် အလုပ်သမား များအားလုံး အပြီးသတ်ထွက်ခွာနိုင်ရေးစွမ်းဆောင်နိုင်ခဲ့ပြီး ၎င်းခြံဝင်းအတွင်း နှစ်အတန်ကြာလည် ပတ်ခဲ့သော နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အောင်မြင်စွာအဆုံး သတ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ကွန်ပျူတာ၊ လက်ကိုင်ဖုန်း စသည့် နည်းပညာဆိုင်ရာ သက် သေခံပစ္စည်းမြောက်များစွာကို လည်း သိမ်းယူခဲ့ပြီး အချို့ကို သက်ဆိုင်ရာအွန်လိုင်း ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးနှင့်ပတ်သက် သည့် အာဏာပိုင်များထံသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ ခြံဝင်းတွင်းကျန် ရစ်သော အဆောက် အဦး၊ ကား၊ မီးစက်စသည့် ရုပ်ဝတ္တုပစ္စည်းများအားလုံး၏ စာရင်းကိုလည်း အပြီး သတ် ကောက်ယူ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ KNU အနေဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ငွေလိမ်လုပ်သားများ ကင်းစင်သွားပြီးဖြစ် သော မင်းလက်ပံ ရှိ Shunda Park ခြံဝင်းကို ကော်သူးလေ၏ တရားရေးစနစ်နှင့် အညီ ချိတ်ပိတ် သိမ်းလိုက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့်ဆက်စပ်သည့် ခြံဝင်းတွင်းကျန်ရှိသော သက် သေခံ ရုပ်ဝတ္တုပစ္စည်းများကို ကော်သူးလေ၏ တရားရေးဥပဒေလုပ် ထုံးလုပ်နည်း အတိုင်း ဆက် လက် ကိုင်တွယ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Shunda Park နေရာတွင် မည်သည့်ဒုစရိုက်လုပ်ငန်းအတွက်မဆို တိုက်ရိုက် သို့မဟုတ် သွယ် ဝိုက်၍ ထပ်မံ အသုံးပြုခြင်း လုံးဝမရှိစေရန် သတ်မှတ်ပြီး ဤနေရာတွင် ရာဇဝတ်လုပ်ငန်း အတွက် ပြန်လည် အသုံးပြုရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်မည်ဖြစ်ကာ ပြင်းထန်သော ပြစ်မှု အဖြစ် သတ်မှတ်၍ သက်ဆိုင်ရာဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။
ချိတ်ပိတ်သိမ်းပြီးနောက် ၎င်းနေရာကို အနာဂတ်တွင် အများပြည်သူအကျိုးစီးပွားအတွက်သာ အသုံး ပြုစေရမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ ဒေသခံပြည်သူနှင့် ခေါင်းဆောင် များ နှင့် တိုင်ပင်ကာ ပွင့်လင်းမြင်သာစွာ၊ တာဝန်ခံတာဝန်ယူမှုရှိစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်လက် အသိပေးထားသည်။
လုံခြုံရေးနှင့်နိုင်ငံရေး တည်ငြိမ်မှု များရှိလာပါက ၎င်းနေရာကို ခေတ်မီနည်းပညာ၊ စီးပွားရေး၊ ကုန် သွယ်ရေး၊ ဥပဒေ၊ မှုခင်း၊ လုံခြုံရေးနှင့်မဟာဗျူဟာလေ့လာရေး စသည့်ဘာသာရပ်များကို အထူးပြု သင်ကြားပေးသော အဆင့်မြင့် ပညာရေး ပုရဝုဏ် တစ်ခု အဖြစ် ပြန်လည်အသုံးပြုရန် ရည်ရွယ်ချက် ထားရှိကြောင်း KNU က ကြေညာထားသည်။
ထိုကဲ့သို့ အရေးယူမှုများမှာ KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ရာဇဝတ်ဂိုဏ်းများကို တား ဆီးနှိမ်နင်းခြင်းနှင့် အရေးယူခြင်း၊ လူသား ဂုဏ်သိက္ခာကို ကာကွယ် စောင့်ထိန်းခြင်း၊ ပွင့်လင်းမြင် သာပြီး တာဝန်ခံမှုရှိသော အုပ်ချုပ်ရေး မြှင့်တင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ပြည်တွင်းနှင့် နိုင်ငံ တကာမိတ်ဖက်များနှင့် နီးကပ်စွာ ပူးပေါင်း၍ အကောင်အထည်ဖော်မည်ဆိုသည့် ကတိကဝတ်ကို ထင်ဟပ်စေခြင်းသာဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။