ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် – CB၊ မွန်တော်လှန်ရေး တပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီး NUG နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်

ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် – CB၊ မွန်တော်လှန်ရေး တပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီး NUG နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် – CB၊ မွန်တော်လှန်ရေး တပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီး အမျိုးသားညီညွတ်ရးအစိုး ရ- NUG နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAFမှ ဒုဥက္ကဌ ၁ ကိုမင်းဟန်ထက်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ မေလတွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက် လာ စေရန် ရည်ရွယ်၍ တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့ က ကနဦး စတင်ညှိနှိုင်းဆောင်ရွက်ကာ နိုဝင်ဘာလ ပထမ အပတ် တွင် တပ်ဖွဲ့ ၁၄ ဖွဲ့ဖြင့် ကနဦးတွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နိုင်ခဲ့ကြောင်း၊ ထိုမှ တဆင့် ဘုံသဘောတူညီချက်များ ရရှိလာခဲ့ပြီး ထပ်မံဖိတ်ကြားသင့်သောအဖွဲ့များကို ဖိတ်ခေါ် လျက် တပ်ပေါင်းစု ဖြစ်မြောက်ရေးညီလာခံတရပ်ကို လွတ်မြောက်နယ်မြေတနေရာတွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါညီလာခံ၌ နွေဦးတော်လှန်ရေးမဟာ မိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA)ကို တပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းနိုင်ခဲ့ ကြောင်း သိရသည်။
“ဒီတပ်ပေါင်းစုဖွဲ့စည်းနိုင်ဖို့အတွက် ဒီမှာပါဝင်ကြတဲ့ တပ်ဖွဲ့အသီးသီးအနေနဲ့ တစ်နှစ်နီးပါး ကြိုတင် ပြင် ဆင်မှုတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေများစွာပါဝင်ဆောင်ရွက်ခဲ့ပြီးတော့ ဒီလိုမျိုးဘုံသဘောတူညီ ချက်တွေချမှတ်ပြီးတော့တပ်ပေါင်းစု စုဖွဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုစုဖွဲ့နိုင်ခြင်းဟာ ကျနော်တို့ရဲ့ စစ်ရေးအရ တော်လှန်ရေး အရွေ့ပိုပြီးအားကောင်းတဲ့ စစ်ရေးတွေကိုဖော်ဆောင်လာနိုင်ဖို့ ရည်ရွယ်ပါ တယ်။ တပ်ပေါင်းစုအနေနနဲ့လည်းပါဝင်ကြတဲ့တပ်ဖွဲ့တွေကြားထဲမှာ ညှိနှိုင်းဆွေးနွေးမှုတွေအကြိမ် ကြိမ်လုပ်ခဲ့ပြီးတဲ့အခါမှာ မဟာဗျူကျကျ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဒုဥက္ကဌ ၁ ကိုမင်းဟန်ထက်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ညီလာခံအတွင်း တပ်ပေါင်းစု၏ ဖွဲ့စည်းပုံစည်းမျဉ်းများ ဆွေးနွေးအတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ် များ ချမှတ်ခြင်းနှင့် တော်လှန်ရေးကတိကဝတ်ပြု လက်မှတ်ရေးထိုးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု၏ ကတိကဝတ်များတွင် ခေတ်အဆက်ဆက် ပြည်သူလူထုတောင်းဆိုချက်နှင့် တော်လှန်ရေးရည်မှန်းချက်များဖြစ်သော စစ် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက် အတူ တကွ တိုက်ပွဲဝင်သွားရန်၊ လက်ရှိကာလတွင် လူထုအပေါ် အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းမျိုးစုံဖြင့် စစ်ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှကျူးလွန်နေသဖြင့် တနိုင်ငံလုံး အထွေထွေ လူမှု စီးပွားအကြပ်အတည်းများ ရင်ဆိုင် နေရပြီး ထိုအကြပ်အတည်းမှ ပြည်သူလူထုတရပ်လုံး အမြန်ဆုံး လွတ်မြောက်ရန် တပ်ပေါင်းစုအားဖြင့် တိုက်ပွဲဝင်သွားရန်တို့ပါဝင်ကြောင်း သိရှိရသည်။
ယင်းအပြင် နွေဦးတော်လှန်ရေး၏ လွှမ်းခြုံကွပ်ကဲမှုနှင့် ချိတ်ဆက်မှုအားနည်းချက်များကို ပြင်ဆင်ပြီး မိမိတို့ အဖွဲ့ အစည်း များသည် ခိုင်မာကျယ်ပြန့်သော မဟာမိတ်တပ်ပေါင်းစု အသွင်ဖြင့် ရပ်တည်သွားရန်နှင့် ရှင်းလင်း၍ ထိရောက် အားကောင်းသော ကွပ်ကဲမှုယန္တရားတရပ် ပေါ်ပေါက်လာရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ် ချက်နှင့် လုပ်ငန်းစဉ်များကို စုစည်းညီညွတ်မှုအားဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားမည့်ကတိကဝတ်များလည်း ပါဝင်ကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု – SRA အနေဖြင့် တပ်ပေါင်းစုအတွင်းသို့ မပါဝင်နိုင် သေးသည့် အခြားသော နွေဦးတော်လှန်ရေး အင်အားစုများကိုလည်း မူဝါဒသတ်မှတ်ချက်များနှင့် အညီ ထပ်မံဖိတ်ခေါ်သွားမည်ဖြစ်ပြီး တပ်ပေါင်းစု၏ ရှေ့ဆက်လုပ်ငန်းစဉ်များ အကောင်အထည် ပေါ်လာစေရန် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“တပ်ပေါင်းစုကကြွေးကြော်သလိုမျိုး တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်ဆိုသလိုပေါ့၊ လက်ရှိအချိန်မှာ ကျနော်တို့ရဲ့အားနည်းချက်ကြောင့်ရော နောက်ပြီးတော့ ချိတ်ဆက်မှု အားနည်းချက်ကြောင့်ရော၊ လက်လှမ်းမမီမှုကြောင့်ရော မချိတ်ဆက်ရသေးတဲ့ သို့သော်လည်း လက်ရှိအချိန်အထိ ဆွေးနွေးနေဆဲ တပ်ဖွဲ့တွေလည်းအများကြီးရှိပါတယ်။ ဆက်ပြီးတော့ ကျနော်တို့အတူတူပူးပေါင်းဆောင်ရွက်သွားဖို့ ၊ တပ်ပေါင်းစုနဲ့အောင်ပွဲခံနိုင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။ တပ်ပေါင်းစုအနေနဲ့ ဘုံသဘောတူညီချက်၊ ဘုံရည်မှန်းချက်တူညီကြတဲ့တပ်တွေအနေနဲ့ လက်တွဲနိုင်ပြီဆိုရင်တော့ ကျနော်တို့ပိုပြီးတော့ ကောင်း မွန်တဲ့တော်လှန်ရေးအရွေ့ကို ရောက်မှာဖြစ်ပါတယ်” ဟု ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံး တပ်တော် ဒုဥက္ကဌ ၁ ကိုမင်းဟန်ထက်က ပြောဆိုသည်။
အကြမ်းဖက်စစ်အုပ်စုက ၄င်းတို့ အာဏာတည်မြဲရေးအတွက် မြန်မာနိုင်ငံတဝန်းလုံးရှိပြည်သူ လူ ထုတရပ် လုံးအပေါ် ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ လူမျိုး၊ ဘာသာ၊ နေရာဒေသမခွဲ ခြားဘဲ နည်းလမ်းပေါင်းစုံဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်သတ်ဖြတ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ စစ် အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ဗျူဟာမြောက် ခုခံတွန်းလှန်သွားနိုင်ရန် နွေဦးတော်လှန်ရေး တပ်ဖွဲ့များအကြား စုစည်းညီညွတ်မှုအားကို အခြေပြု၍ တော်လှန်ရေးကျင့်ဝတ်အပြည့်ဖြင့် ပြည်သူ လူထု၏ ဖက်ဒရယ်ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဂျန်ဒါတန်းတူရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်း ရေး လိုလားချက်များ ရရှိသည်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
“NUG Command Chain အောက်ကတပ်တွေနဲ့ ပူးပေါင်းသွားဖို့ရှိမယ်၊ မရှိဘူးဆိုတာထက် တပ် ပေါင်းစု အနေနဲ့ NUG နဲ့ တကယ့်ကိုချိတ်ဆက်မှုအားကောင်းကောင်းနဲ့ ဆက်ပြီးတော့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဒုဥက္ကဌ ၁ ကိုမင်းဟန် ထက်က ပြောကြားသည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRN တွင် ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ – KNDF ၊ ချင်းညီနောင် – CB ၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော်-BPLA ၊ ဗမာ့တပ် တော် – BA ၊ 96 Soldiers PDF ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF ၊ ဓနုပြည်သူ့ လွတ် မြောက်ရေးတပ်တော် – DPLF ၊ Force for Federal Democracy – FFD ၊ Generation Z Army- GZA ၊ က လေး ဒေသတော်လှန်ရေးတပ် – KRF ၊ မကွေးပြည်သူ့ကာကွယ်ရေးမတော် – Magway PDF ၊ မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ အမျိုးသားလတ်မြောက်ရေးတပ်တော် – NLA ၊ ပြည်သူ့လွတ်မြောက်ရေဂတပ်တော် – PIA ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေး တပ် (ခမ်းဒေါင်)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် – Sagaing PDF ၊ ကျောင်းသားလက်ရုံးတပ်တော် – SAF ၊ ယောတပ်တော် – YA နှင့် ယောကာကွယ်ရေးတပ် – YDF တို့ဖြစ်ကြောင်း သိရသည်။