စစ်​ကောင်စီကိုယ်စားပြု အားကစားသမားတွေနဲ့ ဓါတ်ပုံရိုက်တင်တဲ့ဘရော်နီကာ ​​လူမှူရေးပြစ်ဒဏ်ခတ်​ခံရ

စစ်​ကောင်စီကိုယ်စားပြု အားကစားသမားတွေနဲ့ ဓါတ်ပုံရိုက်တင်တဲ့ဘရော်နီကာ ​​လူမှူရေးပြစ်ဒဏ်ခတ်​ခံရ
ဒီဇင်ဘာ-၁၆၊၂၀၂၅။တေဇ/People’s Spring
ဆီးဂိမ်းပြိုင်ပွဲဝင်တဲ့ စစ်ကောင်စီလက်​ရွေးစဥ်အားကစားသမားတွေနဲ့ ဓါတ်ပုံတင်ခဲ့တဲ့လက်ဝှေ့မယ် ဘရော်နီကာ ဟာ​တော်လှန်ပြည်သူတွေရဲ့ လူမှုရေးပြစ်ဒဏ်ခတ်မှုခံနေရပြီဖြစ်ပါတယ်။
ဘရော်နီကာက ဒီဇင်ဘာ ၁၅ ရက်က ဆီးဂိမ်းပြိုင်ပွဲဝင်တဲ့ စစ်​ကောင်စီ လက်​ရွေးစဥ်အားကစားသမား ၂ ဦးနဲ့ သူငယ်ချင်းတွေဆိုပြီး ဓါတ်ပုံတွဲရိုက်ပြီး “ဒီရက် အား​ပေးရကျိုးနပ်” လို့​ရေးပြီးဓါတ်ပုံနဲ့တင်ခဲ့‌တာကြောင့် ​တော်လှန်ပြည်သူ​တွေ၊​တော်လှန်​ရေးလုပ်​နေသူ​တွေက ပြင်းထန်စွာ ဝေဖန်​နေပြီး လူမှု​ရေးပြစ်ဒဏ်ခတ်ကြဖို့ ​တိုက်တွန်း​နေကြပါတယ်။ အားကစားသမားချင်းရင်းနှီးလို့အား​ပေးချင်ရင်​တောင် ကိုယ့်ဘာသာအား​ပေးပြီး ဓါတ်ပုံမတင် ၊ပိုစ်မ​ရေးရင် ပရိတ်သတ်​တွေအ​နေနဲ့ နားလည်ခွင့်လွတ်​ပေးနိုင်​ပေမယ့် အခုလို ပိုစ်တင်တဲ့အတွက် လူမှု​ရေးပြစ်ဒဏ်ခတ်ကြတာလို့​​ရေးသား​နေကြပါတယ်။
အာဏာသိမ်းစစ်တပ် ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှာအာဏာသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့သလို ယ​နေ့အထိလည်း အကြမ်းဖက်သတ်ဖြတ်​နေဆဲဖြစ်ပါတယ်။တဖက်မှာ စစ်အုပ်စုက နိုင်ငံတကာရဲ့ အသိအ
မှတ်ပြုမှု နဲ့ တရားဝင်မှုရ​အောင် နိုင်ငံဟာ တည်
ငြိမ်​နေသ​ရောင်၊ပုံမှန်လည်ပါတ်​နေသ​ယောင် ​ဖျော်​ဖြေ​ရေးပွဲ​တွေ ၊အားကစားပွဲ​​တွေ နဲ့ ဝါဒဖြန့်​လေ့ရှိပါတယ်။ အားကစားက နိုင်ငံ​ရေးနဲ့မဆိုင်ဘူးလို့တချို့ကဆိုကြ​ပေမယ့် စစ်တပ်အာဏာသိမ်းစကတည်းကစစ်အုပ်စုကိုဖီဆန်ပြီး CDM လုပ်ခဲ့တဲ့ အားကစားသမား​တွေများစွာရှိခဲ့ပါတယ်။ တဖက်မှာ စစ်​ကောင်စီကိုယ်စားပြုယှဥ်ပြိုင်ကြတဲ့ကစား
သမား​တွေကို လူမှု​ရေးပြစ်ဒဏ်ခတ်မှုရှိ​နေချိန်မှာ ဘ​ရော်နီကာက အခုလို့ပိုစ်တင်တာ​ကြောင့်လူမှု​ရေးပြစ်ဒဏ်ခတ်တာလို့​ရေးသား​နေကြပါတယ်။
ဘရော်နီကာက စစ်ကောင်စီလက်အောက်ခံ အားကစားသမားတွေနဲ့ ပုံတွေကို လူမှုကွန်ရက်မှာတင်ပြီး အောင်ပွဲခံတာကြောင့် စစ်ကောင်စီကို တစ်ဖက်လှည့်နဲ့ အားပေးသလို ဖြစ်တဲ့အပေါ် ပြည်သူတွေက ဝေဖန်တာဖြစ်ပေမယ့် ပြန်လည်ဖြေရှင်း
ချက်မှာတော့ အဲဒီ့ကိစ္စကို ပွင့်ပွင့်လင်းလင်းမရေး
သားခဲ့ပါဘူး။
ဒါကြောင့် Boycott ကိစ္စတွေကို တွန်းတွန်းတိုက်တိုက်လုပ်ဆောင်တဲ့ Fncc Burma Fact Check Community ပေ့ခ်ျကနေ ဘရော်နီကာကို လူမှုရေးပြစ်ဒဏ်ချမှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဘရော်နီကာရဲ့ ပို့စ်အောက်မှာလည်း တော်လှန်ရေးမှာပါဝင်​နေသူတွေက သူမရဲ့ လုပ်ရပ်အပေါ် ဝေဖန်ထားတာတွေတွေ့ရပါတယ်။
“အစ်မအနေနဲ့အစ်မခံယူချက်ကိုအသ်ိဆုံးဆိုရင် အဲ့ခံယူချက်အတိုင်းပြတ်ပြတ်သားသားနေသင့်ပါတယ်။ဒီချိန်မှာ စခ နဲ့ ဆက်နွှယ်နေရဲ့အရာမှန်သ
မျှsocial punishmentလုပ်ရမှာပါပဲအစ်မကိုအားပေးတဲ့ထဲမှာတော်လှန်ပြည်သူဖက်က လေးပုံသုံးပုံလောက်ရှိတယ်ဆိုတာမမေ့ပါနဲ့” လို့ ပြည်သူတစ်ဦးက ဘရော်နီကာရဲ့ ပို့စ်မှာ မှတ်ချက်ပေးထားပါတယ်။
ဘရော်နီကာကတော့ ဝေဖန်သူတွေကို ဂရုမစိုက်တဲ့ ပုံစံနဲ့ ပေ့ခ်ျမှာရော အကောင့်မှာပါ ရုပ်ပြောင်ပုံတွေ ထပ်တင်ခဲ့ပါတယ်။
“Ok ။Thank you ။အဆိပ်နဲ့ ရောထားတဲ့ အစာဟာဆေးမဟုတ်ဘူး ။အဟာရ မဖြစ်ဘူး။ချီးကို
ကိုယ်စားပြုတာ လောက်ပါပဲ။Boycott ပါပဲဗျာ ။စိုးရိမ်နေခဲ့တာ လူလို နားမလည်ထဲ့ မင်းမပါဖို့ ။” လို့ Justice Soldier PDF က ကိုဇွဲက ဘရော်နီကာရဲ့ ပုံကိုရှဲပြီးမျှဝေထားပါတယ်။
ဘရော်နီကာက သူမကိုဝေဖန်ထားတဲ့ KNDFရဲ့ ထောက်ပို့တပ်သားတစ်ဦးဖြစ်တဲ့ မိထော်ရဲ့ ပို့စ်ကိုလည်း “မိထော်ရဲ့ မန့်ကိုလည်း ဝင်အားပေးအုံး။ မိထော်က ဘာမိထော်လည်း‌ဆိုတာ မန့်မှာတွေ့ရမှာပါ။ ငါတော့သူ့ကိုမသိဘူးနော်” လို့ ရိတိတိထပ်မံရေးသားကာမျှဝေခဲ့ပါတယ်။
မိထော်ဆိုတာက KNDF ရဲ့ ရန်ပုံငွေရှာဖွေရေး တာဝန်ခံတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ရင်သွေးလေးမွေးဖွား‌ထားပေမယ့် တော်လှန်ရေးမှာ ဆက်
လက်ပါဝင်နေသူပါ။အဲဒီ့လိုလူအပေါ် ဘရော်နီကာရဲ့ ရေးသားမှုကို တော်လှန်ရေးဘက်တော်သား
တွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဘရော်နီကာဘက်က ပြန်လည်တောင်းပန်တာမျိုးမရှိပေမယ့် အဲဒီ့ပို့စ်ကိုတော့ ဒီနေ့ညပိုင်းရှာမတွေ့တော့ပါဘူး ။
ဝေဖန်မှုတွေအပေါ် ဘရော်နီကာ က တိုက်ခိုက်ရေးသမားတွေက အမြင့်ဆုံးအဆင့်ကိုရောက်ဖို့ ပံ့ပိုးမှုလိုအပ်ကြောင်း နဲ့ အဲဒီ့ပံ့ပိုးမှုကိုရရှိဖို့ မြန်မာကိုယ်
စားပြုကနေ ကမ္ဘာ့ချန်ပီယံဖြစ်လာအောင် လုပ်
ဆောင်နိုင်မယ်လို့ ဒီနေ့(ဒီဇင်ဘာ၁၆ )မှာ ထပ်​မံသားထားပါတယ်။
“ကျွန်တော်ဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး ဒါပေမဲ့ ကျွန်တော်ခံယူချက် ကျွန်တော်အသိဆုံးပါ။ ကျွန်တော်ဟာအားလုံးအတွက် တိုက်ပွဲဝင်နေတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ အားပေးတဲ့တစ်ယောက်စီတိုင်း ကျေးဇူးတင်ပါတယ်”လို့ ပြန်လည်ဖြေ‌ရှင်းခဲ့ပါတယ်။
ပြည်သူအများစုကတော့ ဘရော်််နီကာရဲ့ ပေ့ခ်ျနဲ့ အကောင့်တွေကို Unfollow လုပ်နေကြပြီး Follower အရေအတွက် ဆက်တိုက်ကျနေတာ‌ကိုတွေ့ရပါတယ်။
ဘရော်နီကာက ကယန်းလက်ဝှေ့မယ်အနေနဲ့ ပြည်သူတွေ ရဲ့ ထောက်ခံအားပေးမှုရခဲ့တာဖြစ်ပြီး တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ပို့စ်တွေ မျှဝေတာ
မရှိပေမယ့်လည်း ပြစ်တင်တာမျိုးမရှိခဲ့ပါဘူး။
လက်ရှိပုံတင်ခဲ့တဲ့ နော်ဥမ္မာစိုး နဲ့ အရင်ကတည်း ပုံတင်တာတွေရှိပေမယ့် ဒီတစ်ကြိမ်က စစ်တပ် လက်အောက်ခံ နိုင်ငံကိုယ်စားပြုဖြစ်နေတာကြောင့် ဝေဖန်ခဲ့ကြတာပါ။
“အဖိနှိပ်ခံ ရက်ရက်စက်စက်လုပ်ခံထိနေတဲ့ ပြည်သူတွေကိုမှ ကိုယ်ချင်းမစာနာ စစ်အုပ်စု/စကမကစေလွှတ်တဲ့ စကမ ကိုယ်စားပြုတဲ့သူတွေကို အားပေးမှတော့ စကမ အားပေးဆိုတာ ကလေးတောင်သိတယ်။ကိုယ့်ဘက်က ဓမ္မဘက်တော်သားတွေ အားပေးနေကြလို့ တဖြည်းဖြည်းသဘောကျလာတာ။ Follow တောင်လုပ်တော့မလို့ ။တာတ့ာပဲငါတို့က အမှတ်ရှိတယ်ဟေ့။ အမှတ်မရှိတဲ့သူတွေကတော့ ပလူးကြပေါ့” လို့ မြေပြင်မှာ ဆေးကုသမှုတွေပြုလုပ်ပေးနေတဲ့ ခွဲစိတ်အထူးကုဒေါက်
တာမျိုးခန့်ကိုကိုကလည်း ရေးသားထားပါတယ်။