သွေးတိုးဆေးပုံမှန်မသောက်လို့ထင်တယ်ဆိုလို့ သွေးတိုးဆေးလည်းမနက်ညပုံမှန်သောက်ပါတယ် သွေးကျဲဆေးလည်းသောက်ပါတယ်

မေမေက ညနေ၃နာရီခွဲလောက်မှာ
ရေချိုးပါတယ် ရေချိုးရင်းခေါင်းတွေပူနေလို့ ခေါင်းလျော်တာ ခေါင်းရေလောင်းတာ၃ခွက်မြောက်လောက်မှာပဲ မူးတယ် မူးတယ် မရတော့ဘူးဆိုပြီး ရေထိုင်ချိုးနေရင်း ခေါင်းငိုက်သွားပါတယ်
ခဏချင်းပဲ သွေးတိုးဆေးတိုက်ပါ လက်ထိပ်တွေသွေးဖောက်ပစ်ဆိုပြီး အသိစိတ်ရှိပြီး လုပ်ခိုင်းနေပါသေးတယ်
သွေးဖောက်နေရင်းမှာပဲ ဝမ်းသွားချင်တယ် အန်ချင်တယ်ပြောပြီး အန်လည်းအန်ချ ဝမ်းတွေလည်းအများကြီးသွားပါတယ် ရေချိုးခန်းထဲဖြစ်နေတာမို့ ကုတင်ပေါ်ကို အဖေနဲ့ယောကျာ်းက မရွှေ့ကြရတယ်
ကုတင်ပေါ်ရောက်တော့လည်း ဝမ်းသွားချင်တယ် သေးပေါက်ချင်တယ်ပြောပြီး ဆီးခွက်ခံပေးထားရပါတယ် ကိုယ်ကတော့ဘေးမှာသတိပေးနေရင်း သွေးပေါင်ချိန်တော့ အပေါ်သွေးက ၂၅၀ဖြစ်နေပါတယ် အဲ့ဒါမို့ပဲခူးဆေးရုံသွားဖို့ပြင်ကြပါတယ်
အဖြစ်အပျက်အကုန်ကြာချိန်က နာရီဝက်တောင်မရှိပါဘူး သတိပေးပြီးခေါ်နေတဲ့ကြားကနေ မေမေက ဆေးရုံမသွားခင်ကပဲ စကားမေးကိုမရတော့ပါဘူး
ဆေးရုံရောက်တော့ ဆရာဝန်တွေကချက်ချင်းစစ်ပေးပါတယ် ဦးနှောက်သွေးခဲသလို လက္ခဏာဖြစ်တယ်ပြောပါတယ် အခြေအနေကမကောင်းလို့ မိသားစုတွေ စိတ်ခိုင်ခိုင်ထားဖို့ပြောပြီး သူတို့လုပ်စရာရှိတာတွေလုပ်ပေးပါတယ် မေမေကတော့ အဲ့ဒီအချိန်မှာလည်းသတိမလည်ပါဘဲ အသက်ကိုအားယူပြီးရှုနေရသလိုဖြစ်နေပါတယ်
ခေါင်းဓာတ်မှန်ရိုက်ဖို့ ပြင်ဆင်ကြရင်းနဲ့ပဲ ညဘက်ရောက်တော့ မေမေဆုံးသွားပါတယ်
တနေကုန် အကောင်းပါ စားစရာရှိတာစား ပြောစရာရှိတာပြောပြီး အကောင်းတိုင်းကြီးရှိနေခဲ့တာပါ
ခုတော့
သူချစ်ရတဲ့ တိရိစ္ဆာန်လေးတွေနဲ့ မိသားစုကိုအပြီးခွဲသွားခဲ့ရတယ်
အဲ့ဒါမို့ စာလေးဖတ်ပြီး ဆင်ခြင်လို့ရအောင်
မေမေဆုံးရတဲ့အကြောင်းရင်းလေးကို တင်ပေးရတာပါ ခေါင်းမလျှော်ဖို့တားလိုက်ပေမယ့် မေမေကလောင်းချမိလိုက်ပြီးဖြစ်နေတာမို့ ငါသာတကယ်တားနိုင်ခဲ့ရင် ဒီနေ့လိုအဖြစ်မျိုးရှိခဲ့မှာမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ်နောင်တရလို့လည်းမဆုံးပါဘူးရှင်