တီးတိန်မြို့အဝင် စစ်တပ်ဂိတ်ကို ချင်းညီနောင် ပြန်သိမ်းပိုက်
▪️စစ်သုံံ့ပန်းနဲ့လက်နက်အချို့ရဟု PDF ဇိုလဲန်းထုတ်ပြန်
နိုဝင်ဘာ-၂၈၊ ၂၀၂၅။ ပုရစ်/People’s Spring






ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့အဝင် စစ်
တပ်ဂိတ်ကို ချင်းညီနောင်တပ်ဖွဲ့ကပြန်လည်သိမ်း
ယူနိုင်ခဲ့ကြောင်း ချင်ညီနောင်အဖွဲ့ဝင် PDF Zoland(ဇိုလဲန်း)က ဒီမနက် (နိုဝင်ဘာ ၂၈ရက်)မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၇ရက် မနက်ကစပြီး တီးတိန်မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ခလရ(၂၆၉) တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အသိပေးပါတယ်။
” မိမိတို့ ချင်းညီနောင်တပ်ဖွဲ့သည် စကမ တပ်ဖွဲ့ဝင်များအား တပ်စွဲထားသည့် နေရာမှ တိုက်ထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိကာ စစ်သုံ့ပမ်းအချို့ ဖမ်းဆီးခဲ့သည်”လို့ PDF ဇိုလဲန်းရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်း၂ဦး ရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။ချင်းညီနောင်တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ ပြန်
လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးပါတယ်။
စစ်ကောင်စီတပ်ဟာ တီးတိန်မြို့ လူအဝင်အထွက်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အဝင်ဂိတ်ကို ချင်းညီနောင်တပ်ဖွဲ့က ပြန်သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။
“မနေ့က ချင်းညီနောင်အဖွဲ့ဖြစ်တဲ့ PDF ဇိုလဲန်းက ရှင်းလင်းသိမ်းထားတာဟုတ်တယ်။ ဒါ တီးတိန် ကြိုဆိုပါ၏မှာ တပ်စွဲထားတဲ့ဟာ ။ လက်ရှိမှာတော့ ဖလမ်းဘက်မှာ ဦးတည်နေတဲ့ စစ်ကြောင်း နှစ်ကြောင်းရှိတာပေါ့” ဟု PDF ဇိုလဲန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ နောက်ဆုံးပတ်မှာ တီးတိန်မြို့ကို စစ်ရဟတ်ယာဉ်နဲ့ ၂၆ကြိမ်ထက်မနည်း စစ်အင်အားတွေ ချပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့တာပါ။
စစ်အင်အားရာချီ သုံးပြီး ချင်းညီနောင်တပ်ဖွဲ့ဝင် PDF ဇိုလဲန်းတပ်စွဲထားတဲ့နေရာအချို့ကို စစ်တပ်က ဝင်ရောက်နိုင်ခဲ့ပေမယ့်နိုဝင်ဘာ ၁၈ရက်မှာ စစ်ကောင်စီ ဝင်ရောက်နေရာယူထားတဲ့ကနေဒီတောင်ကို ချင်းညီနောင်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို အခုထပ်မံပြီး မြို့အဝင်ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဟာ တီးတိန်၊ ဖလမ်းဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး လေကြောင်းနဲ့ စစ်အင်အားဖြည့် ထိုးစစ်ဆင်သလိုစစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေကလည်း မြေပြင်စစ်ကြောင်းထိုးနေလို့ ချင်းညီနောင်၊ ချင်းပြည်ကောင်စီ ၊ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။
တီးတိန်၊ ဖလမ်း၊ ကလေး၊ ဂန့်ဂေါ မြို့နယ် တိုက်ပွဲတွေမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ တိုက်
ခိုက်မှုကြောင့် အခု နိုဝင်ဘာလ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ၁၅၀ လောက် သေဆုံးထိခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ ရရှိထားကြောင်း ချင်းတော်လှန်ရေးအင်အားစုတခုဖြစ်တဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
ချင်းညီနောင် နဲ့မဟာမိတ်တွေဟာချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့၊ ချင်းတောင်ပိုင်းက
မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့တွေ သိမ်းပိုက်ထားပြီး တီးတိန် မြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
(တီးတိန်မြို့အဝင် စစ်တပ်ဂိတ်ကို ချင်းညီနောင်တပ်ဖွဲ့က ပြန်လည်သိမ်းယူအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – PDF ဇိုလဲန်း)