စစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲကို ငြင်းပယ်ပြီး တရားဝင်မှုမရှိကြောင်း ဥရောပပါလီမန် သတ်မှတ် ကြေညာ
◾️၂၀၂၀ ရွေးကောက်တင်မြှောက်ခံအရပ်သားအစိုးရကို ချက်ချင်အာဏာအပ်နှင်းဖို့ ထပ်မံတောင်းဆို
နိုဝင်ဘာ-၂၈၊၂၀၂၅။ People’s Spring
အာဏာသိမ်းစစ်ကောင်စီ တဖက်သတ်ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေကို ငြင်းပယ်ပြီး တရားဝင်မှုမရှိတဲ့ ရွေးကောက်ပွဲတွေအဖြစ် သတ်
မှတ်ကြောင်း ဥရောပပါလီမန်က နိုဝင်ဘာ ၂၇ရက် မနေ့က ကြေညာပါတယ်။
နိုင်ငံတကာအသိအမှတ်ပြုမှုရယူဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီရဲ့အဲဒီတရားမဝင်ရွေးကောက်ပွဲ ရ
လဒ်တွေကိုလည်း ရှုတ်ချကြောင်း ဥရောပ ပါလီ
မန်က ဖော်ပြပါတယ်။
ဥရောပပါလီမန်ဟာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့ အကြမ်း
ဖက်မှုအဆုံးသတ်ရေးတို့ကို တောင်းဆိုပါတယ်။ လက်ရှိအခြေအနေကတော့ အကြောက်တရားတွေနဲ့ ဖိနှိပ်မှုတွေအောက်ကနေ ကျင်းပမယ့် ဘယ်
လိုရွေးကောက်ပွဲမဆို လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ဥရောပပါလီမန်က အလေးပေး ထုတ်ပြန်ပါတယ်။
ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင် နိုင်ငံ ၂၇ ရဲ့ ဥပဒေ
ပြုလွှတ်တော်ဖြစ်တဲ့ ဥရောပပါလီမန်ရဲ့ အခုလို ဆုံးဖြတ်ချက်ထွက်ပေါ်လာတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာပြည်သူတွေရဲ့အသံတွေကို နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ် ကျူးလွန်တဲ့ အကြမ်း
ဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက် တရားမဝင် အုပ်ချုပ်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဥရောပပါလီမန်က ကြေညာပါတယ်။
စစ်တပ်အနေနဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ဒီမိုကရေစီ ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝ လေး
စားလိုက်နာဖို့နဲ့ အရပ်သားအစိုးရကို ချက်ချင်း ပြန်လည်အာဏာအပ်နှင်းဖို့ ဥရောပပါလီမန်က တောင်းဆိုပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်စပ်နိုင်ငံတွေအနေနဲ့ လက်နက်ခဲယမ်းတွေ၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပို့ဆောင်ခြင်းတွေကို ပိတ်ပင်ထားတဲ့ လက်နက်ပိတ်ဆို့မှုကို ဆက်လက်ထားရှိဖို့ ဥရောပပါလီမန်က တိုက်တွန်းပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုကို အမြန်ဆုံး ချမှတ်ဖို့ တောင်းဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ ကျောထောက်နောက်ခံ ပြုနေကြတဲ့ နိုင်ငံတကာ အင်အားစုတွေ အထူးသဖြင့် ရုရှားနဲ့ တရုတ်နိုင်ငံတို့ကို ပြစ်တင်ရှုတ်ချကြောင်း ဥရောပပါလီမန်က ကြေညာပါတယ်။
အာဏာသိမ်းမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအ
တွက် တာဝန်ရှိသူများ၊ စစ်ဘက်ဆိုင်ရာ ခေါင်း
ဆောင်များ၊ စီးပွားရေး လုပ်ငန်းများနဲ့ လက်နက်ထောက်ပံ့သူတွေအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိဖို့နဲ့ တိုးမြှင့်လုပ်ဆောင်ဖို့ အားပေးထောက်ခံကြောင်း ဥရောပပါလီမန်က ထုတ်ပြန်ပါတယ်။
တဖက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုး
ရ(NUG)တို့ကို မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒတွေကိုကိုယ်စားပြုတဲ့တခုတည်းသော တရား
ဝင် ကိုယ်စားလှယ်တွေအဖြစ် အားပေးထောက်ခံကြောင်း ဥရောပပါလီမန်က ဖော်ပြပါတယ်။
ဥရောပပါလီမန်ဟာ မြန်မာပြည်သူလူထုနဲ့အတူ NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် တရားဝင် ဒီမိုကရေစီကိုယ်စားလှယ်များနဲ့အတူ ခိုင်မာစွာ ရပ်တည်ကြောင်း ထုတ်ဖော်ကြေညာပါတယ်။
(ဥရောပ ပါလီမန်အစည်းအဝေးမြင်ကွင်း။
ဓါတ်ပုံ-EP)