လားရှိုးနားကစခန်းတွေကို ဆုတ်ခိုင်းရာကနေ စစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာ

လားရှိုးနားကစခန်းတွေကို ဆုတ်ခိုင်းရာကနေ
စစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာ
နိုဝင်ဘာ-၁၃၊၂၀၂၅။အိမ်သွင်/People’s Spring
လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်အုပ်စုရဲ့အမှတ်(၅)စစ်ဆင်ရေးအ
ထူးအဖွဲ့မှုးကိုယ်တိုင် လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်သွားသလို MNDAAကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။
လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAAက တပ်စွဲထားတာကို နိုဝင်
ဘာလ ၁၁ရက်နေ့က လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲမှာ စစ်ကောင်စီက ဆုတ်ခွာခိုင်းတာလို့ စုံစမ်းသိရပါတယ်။နောင်မွန်- နမ့်ပေါင်
-ဟိုယ ရွာတွေဟာတစ်ဆက်တည်းရှိနေတာဖြစ်ပြီး MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ် ။အခုချိန်ချိန်အထိလည်းတပ်ဆွဲထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဧပြီလမှာ တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှု​ကြောင့် MNDAA ကလားရှိုးမြို့ကို ကျည်တချက်မ​ဖောက်ပဲပြန်လွှဲ​ပေးခဲ့ရပါတယ်။အခုထပ်ပြီး နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာတွေကနေ တဆင့်ချင်းဆုတ်ပေးဖို့ စစ်အုပ်စုက ထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။
“ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုယ်တိုင် လားရှိုးမှာလာညှိတာ။မရလို့ ပြန်သွားပါပြီ။ နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ ကိုးကန့်
(MNDAA)တွေကတော့ အင်အားပိုများလာတယ်” လို့ နောင်မွန်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာ အမှတ်(၅)စစ်
ဆင်ရေးအထူးအဖွဲ့ မှူး(ကစထ-၅)ဖြစ်ပါတယ်။
သူဟာလားရှိုးမြို့ကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ထိန်းချုပ်စဥ်မှာလည်း မြန်မာနိုင်ငံဆိုင်
ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းနဲ့ ဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDAAနဲ့အပစ်ရပ်ဆွေးနွေးပွဲတွေကိုလည်း စစ်ကောင်စီဘက်ကနေ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
မကြာ‌သေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခရီးစဉ်မှာလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့ကို စစ်ခေါင်းဆောင်နဲ့အတူ တွေ့ဆုံခဲ့ပါတယ်။
“သူနဲ့ဆို အဆင်ပြေမလားဆိုပြီး တောက်လျှောက်တာဝန်ပေးထားတာ။ ကိုးကန့်က ပြန်ဆုတ်ပေးဖို့မရှိဘူးပြောလိုက်တော့ နေပြည်တော်ပြန်တက်သွားတယ်” လို့ လားရှိုးမြို့ကသတင်းရင်းမြစ်ကပြောပါတယ်။
စစ်အုပ်စုဟာ တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့ကိုပြီးခဲ့တဲ့ အောက်တိုဘာလမှာပြန်သိမ်း
ယူပြီးနောက်ပိုင်းမန္တလေး-မူဆယ်ပြည်ထောင်စုလမ်း၊ လားရှိုးနဲ့ သီပေါလမ်းပိုင်း ပတ်ဝန်းကျင်က MNDAA စခန်းတွေကိုဆုတ်ခွာဖို့ဖိအားပိုပေးနေတာဖြစ်ပါတယ်။
MNDAAကလားရှိုးမြို့နားက၎င်းတို့တပ်စွဲထားတဲ့နေရာတွေအကြောင်းနဲ့ စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်း သတင်းမထုတ်ပြန်​သေးပါဘူး။ ဒါပေမယ့်စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ ဗျူဟာကျကျနားလည်နေဖို့အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။ MNDAAရဲ့ အပတ်စဉ်(၁) ကေ
ဒါများအလှည့်ကျသင်တန်းဆင်းပွဲမှာ MNDAA စစ်ဦးစီးမှူးချုပ်က သင်တန်းဆင်းကိုးကန့်တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
MNDAAဟာ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာတွင် ညီနောင်မဟာမိတ်ဖြစ်တဲ့AAနဲ့ TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်
ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ပန်ဆိုင်းမြို့တွေကိုသိမ်း
ပိုက်ခဲ့ပါတယ်။သိမ်းယူထားတဲ့ မြို့တွေမှာ အုပ်
ချုပ်ရေး ယန္တရား ဖော်ဆောင်နေစဉ်တရုတ်အစိုးရရရဲ့ ဖိအားကြောင့် စစ်ကောင်စီနဲ့အပစ်ရပ်ထားသလို လားရှိုးမြို့ကိုလည်း ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရတာပါ။သိန္နီမြို့ကို ပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
(MNDAA တပ်ဖွဲ့ဝင် အချို့ ။ဓါတ်ပုံ-MNDAA)