မတ္တရာမြို့နယ်၊ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်ဝန်းကျင်ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ပြီးနောက် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့မှ ပြည်သူများသို့ MDY PDF က စစ်ရေးအခြေအနေ သတိပေးချက်ထုတ်ပြန်

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်ဝန်းကျင်ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ပြီးနောက် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့မှ ပြည်သူများသို့ MDY PDF က စစ်ရေးအခြေအနေ သတိပေးချက်ထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၁၀
အကြမ်းဖက်စစ်တပ်က မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်ဝန်းကျင်ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ပြီးနောက် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့မှ ပြည်သူများသို့ MDY PDF က စစ်ရေးအခြေအနေ သတိပေးချက်ထုတ် ပြန်သည်။
နိုဝင်ဘာ ၇ ရက်နေ့ အကြမ်းဖက်စစ်တပ်က မတ္တရာမြို့နယ်၊ ဆည်တော်ကြီး ရေလှောင်တမံနှင့် နယ်မြေခံတပ်ဌာနချုပ်၊ ပတ်ဝန်းကျင်အားလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် စစ်တပ်က အပြင်း အထန် ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မ တော် (မန္တလေး) က သတင်း ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှ့င် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက “တရားမဝင်၊ အတုအယောင် ရွေး ကောက်ပွဲ” ကို အဓမ္မပြုလုပ်ရန် ဆောင်ရွက်လျက်ရှိပြီး ယင်းကာလမတိုင်မီတွင် သာလွန်အင်အား များစွာ အသုံးပြု၍ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်စိုးမိုးနယ်မြေများကို အပြင်းအထန် ထိုးစစ် ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ လှုပ်ရှားစိုးမိုးရာ နယ်မြေများဖြစ်သော မတ္တရာမြို့ နယ်၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့သည်လည်း အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် လျာထားသည့် မြို့နယ်များစာရင်းတွင် ထည့်သွင်းထား ကြောင်း MDY PDF က သတင်းထုတ်ပြန်ထားသည်။
ယခုအခါ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တနေ့ထက်တနေ့ စစ်ရေး တိုက်ပွဲများ ပိုမိုပြင်ထန်းလာနေကာ အဆိုပါဒေသတွင်းနေ ပြည်သူလူထုအနေဖြင့် တိုက်ပွဲတွင်း ကြုံ တွေ့ရနိုင်သည့် အခြေအနေများနှင့်ပက်သက်၍ ကြိုတင်ပြင်ဆင်ကြပါရန်နှင့် ဘေးအန္တရာယ်ကင်းနိုင် ရေး အတွက် လိုအပ်သည့် အစီအမံများ လုပ်ဆောင်ထားကြပါရန် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သတိပေးသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏ လက်ရှိ ထိုးစစ်ကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက် ခုခံကာကွယ်သွားမည်ဖြစ်ကာ ပြည်သူ့တော်လှန် ရေးကြီး၏ အဆုံးသတ်ပန်းတိုင်ကို ရောက်သည်ထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမည်ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ကတိပြုထားသည်။
ဓာတ်ပုံ- မန္တလေးတိုင်းအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီး မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)