■ ရန်ကုန်တွင် ရခိုင်လူငယ်တစ်ဦး သစ်ပင်ပေါ်ကနေ ကြိုးဆွဲချ သေဆုံးမှု တွေ့ရှိ

■ ရန်ကုန်တွင် ရခိုင်လူငယ်တစ်ဦး သစ်ပင်ပေါ်ကနေ ကြိုးဆွဲချ သေဆုံးမှု တွေ့ရှိ
Western News| နိုဝင်ဘာ ၃

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်က လူငယ်တစ်တဦးမှာ ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ ဘဝမြင့်ရပ်ကွက်၊ ရတနာလမ်းမဘက်အခြမ်း၊ ဗဟိုလမ်းမပေါ်ရှိ သစ်ပင်မှာ ကြိုးဆွဲချ သေဆုံးမှု တွေ့ရှိခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၃ ရက်နေ့မနက် အစောပိုင်း ၂ နာရီလောက်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သင်္ဃန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်၊ ရတနာလမ်းမဘက်ခြမ်း ဗဟိုလမ်းမပေါ် ဘန်နာပင်မှ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည် ဟုဆိုသည်။
မိသားစုများ၏ နီးစပ်သူတစ်ဦးက “အလောင်းကတော့ ရင်ခွဲရုံကို ရောက်နေပါတယ်။ မိသားစုတွေ ဆေးရုံကို ရောက်နေပြီ။ သူက GTI ကျောင်းပြီးထားတယ်။ လူငယ်က ပညာတက်ပါ။ ဘာကြောင့် ဖြစ်တယ်ဆိုတာကတော့ အသေးစိတ် မသိရသေးဘူး။ သစ်ပင်မှာ ကြိုးဆွဲချ သေဆုံးမှု တွေ့ရှိတာလို့ဆိုတယ်။ သူ့ဟာသူ သတ်သေတာလား၊ ဒါမှမဟုတ် အသတ်ခံရတာလားဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူး”ဟုပြောသည်။
သေဆုံးသော လူငယ်သည် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ င/ပြီးချောင်းရပ်ကွက် (ကျေးရွာ)က အသက် ၂၆ နှစ်ရွယ် ဟိန်းထက်အောင် (ခေါ်) ညီတာ ဖြစ်ပြီး ရန်ကုန်တွင် နေထိုင်ကြောင်း သိရသည်။
ဟိန်းထက်အောင် (ခေါ်) ညီတာ၏ ရုပ်အလောင်းကို အခင်းဖြစ်ပွားသည့်နေရာမှ ရန်ကုန် Medical လူငယ်များက သယ်ဆောင်လာပြီး စံပြဆေးဆေးရုံကြီး ရင်ခွဲရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း ရန်ကုန်၊ တာ‌မွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ အဆောင်တခုမှာ အသက် ၂၂ နှစ်အရွယ် လူငယ်အမျိုးသားတယောက် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရခိုင်ရောက်ရှိနေသာ ရခိုင်က ရှေ့နေတစ်ဦးက “အခုနောက်ပိုင်း တရားရုံးတွေကို ရောက်လာတဲ့အမှုတွေကတော့ စီပွားရေး ပြဿာနာတွေ၊ လူငယ်ပြဿာနာတွေ၊ ပြီးတော့ မိသားစု ပြဿာနာတွေကလည်း ပိုများတယ်။ ဒီငယ်တွေတော်တော်လည်း ဒီအမှုတွေမှာ အဆုံး တိုင်ကြား အမှုဖွင့်တာတွေ၊ မိသားစုတွေ အမှုဖွင့်လာတွေ များတယ်။ သေကြောင့် ကြံတယ်။ လုပ်တယ်ဆိုတာ ထွက်ပေါက်တစ်ခုလို့ ထင်လာကြတယ်။ ဒါက လုံးဝမလုပ်သင့်ဘူး။ ပြဿာနာတွေကို မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်း၊ ရင်းနှီးတဲ့ သူတွေကို တိုင်ပင်ဆွေးနွေး အဖြေရှာသင့်တယ်။ အခု ဖြစ်တာက ဒါက အဖြေရှာတာမဟုတ်ဘူး။ လူငယ်တွေ အတုယူ မမှားဖို့ လိုတယ် “ဟုပြောသည်။
စီးပွားရေး၊ အိမ်ထောင်ရေး လူမှုရေး၊ စီးပွားရေး မပြေလည်ခြင်းအပါအဝင် အချစ်ရေးပြဿာနာ၊ မိသားစုပြဿာနာနှင့် လူငယ်များ ဂိမ်းစွဲပြဿနာများနှင့် မူးယစ်ဆေးဝါးများကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှုများ အဖြစ်များလာနေသည်ဟု သိရသည်။
ဓါတ်ပုံ- ဦးလရောင်နေ
#Western News WN #ရန်ကုန် #ရခိုင် #လူငယ်တစ်ဦး #သစ်ပင်ပေါ်ကနေ #ကြိုးဆွဲချ #သေဆုံးမှု #တွေ့ရှိ