ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ရရှိထားသော ထိန်းချုပ်နယ်မြေများကို ကာကွယ်မည်ဟု ကြေညာလိုက်ပြီး မိုးကုတ်မြို့ကို ကာကွယ်ရေး မိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ ကြိုးပမ်းမည်ဟု တော်လှန်ရေး အင်အားစုများပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ရရှိထားသော ထိန်းချုပ်နယ်မြေများကို ကာကွယ်မည်ဟု ကြေညာလိုက်ပြီး မိုးကုတ်မြို့ကို ကာကွယ်ရေး မိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ ကြိုးပမ်းမည်ဟု တော်လှန်ရေး အင်အားစုများပြော
ရန်ကုန်၊ အောက်တိုဘာ ၂၉

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ဆက်လက်ထိန်းချုပ်ကာကွယ်နိုင်ရေး မိတ်ဆက်တော်လှန်ရေး အင် အား စုများနှင့် လက်တွဲကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ TNLA က မိုးကုတ်မြို့နှင့် မိုးမိတ်မြို့မှ ဆုတ်ခွာမည်ဖြစ်ပြီး စစ်တပ်နှင့်အပစ်ရပ်ကြောင်း ကြေညာပြီးနောက် တော်လှန် ရေးအင်အားစုများက ယင်းသို့ ပြောဆိုလာခြင်းဖြစ်ပြီး တစ်ဖက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ရရှိထားသော ထိန်းချုပ်နယ်မြေများကို ကာကွယ်မည်ဖြစ်ကြောင်း ကြေညာလာခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တိုင်းရင်း သားမဟာမိတ်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှု ၊ မိတ်ဖက် နွေဦးတော်လှန်ရေးအင်အားစုများ၏ ပူး ပေါင်းလက်တွဲမှု ၊ တပ်ဖွဲ့ဝင်ပေါင်းများစွာ၏ စွန့်လွှတ်ပေးဆပ်မှုများနှင်အတူ မန္တလေးဒေသအတွင်းရှိ နယ်မြေအချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ရရှိထားသော ထိန်းချုပ်နယ်မြေများ ကို ဆက်လက်ကာကွယ် ထိန်းသိမ်းနိုင်ရေးအတွက် မိတ်ဖက် တော်လှန်ရေးအင်အားစုများနှင့် လက် တွဲကာ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မည်မျှပင် ကြီးမားသည့် အခက်အခဲ အတားအဆီးများ ရှိနေစေကာမူ မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးတိုက်ပွဲများကို ဆထက်ထမ်းပိုး ဦးလည်မသုန် ဆက် လက်ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း ဆက်လက် ကြေညာထားသည်။
အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို TNLA က စစ်ကောင်စီတပ်ဖွဲ့ထံ ပြန်လည်ပေးအပ်ပြီး အပစ် အခတ်ရပ် စဲရေးလုပ်ဆောင်ခဲ့သော်လည်း PDF တပ်ဖွဲ့များအနေဖြင့် ဆက်လက်ခုခံကာကွယ်သွား မည်ဖြစ် ကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် PDF တပ်ဖွဲ့ဝင်များက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၂၉ ရက် ည ၁၂ နာရီအချိန်မှစ၍ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ကို TNLA က စစ်ကောင်စီတပ်ဖွဲ့ထံ ပြန်လည်ပေးအပ်ပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ရာ မိုးကုတ်မြို့မှာ TNLA တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်၌ မရှိတော့ပဲ စစ်ကောင်စီလက်အောက်သို့ ကျ ရောက်သွားပြီဖြစ်သဖြင့် NUG အစိုးရ၊ PDF တပ်ဖွဲ့များအနေဖြင့် မည်သို့မည်ပုံ ဆက်လက်လုပ် ဆောင်သွားမည်ကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်သတင်းဌာနက လိုက်လံမေးမြန်းခဲ့ခြင်းဖြစ်သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA ဘက်ကတော့ ဘာမှ လာပြောတာမရှိပါဘူး။ TNLA အနေနဲ့ ပြန်ပေးချင် ပေးပါစေ။ ကျနော်တို့ကတော့ တော်လှန်ရေးကို ဆက်လုပ်မှာပါ။ မြို့ ဆို တာက တော်လှန်ရေးရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ NUG ၊ MOD ဦးဆောင်ပြီး ကာကွယ်ရင် ကျနော် တို့အနေနဲ့က အသေခံပြီး တိုက်ဖို့အဆင်သင့်ပါပဲ။ စိတ်ဓာတ်ကျစရာမရှိပါဘူး။ ကျနော်တို့ ဒီထက် ပိုကောင်းဖို့ ပိုကြိုးစားဖို့ လိုသေးတယ်ဆိုတာ ပြလိုက်တာလို့ မြင်ပါတယ်။” ဟု မိုးကုတ်မြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
မိုးကုတ်မြို့ကို TNLA က ပြန်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူများက အပြစ်တင်ခြင်း၊ ဝေဖန် ခြင်းများရှိသော်လည်း ထိုသို့ ဝေဖန်အပြစ်တင်ရုံဖြင့် ပြီးသွားမည်မဟုတ်ကြောင်း၊ TNLA ၊ MNDAA အနေဖြင့်လည်း တရုတ်နိုင်ငံ၏ လည်ပင်းညှစ်ခံထားရသဖြင့် ကိုယ်ချင်းစာပြီးစဉ်းစားရန်လိုအပ် ကြောင်း မိုးကုတ်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ကဲ့သို့ TNLA က တပ်ပြန်ဆုတ်ပြီး စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်သည့် အပေါ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အစွမ်းအစ ထုတ်သုံးကာ သက်သေပြရမည့်အချိန်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ရန် လူ၊ လက်နက်ခဲယမ်း၊ ငွေကြေး၊ စိတ်ဓာတ်အားလုံး ပူးပေါင်း ဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း အသိပေးထားသည်။
“စစ်အာဏာရှင်ရှိနေသရွေ့ ဘယ်မြို့၊ ဘယ်ပြည်သူမှ စိတ်မချရဘူးဆိုတာ သက်သေပြလိုက်တာပါပဲ။ မိဘပြည်သူတွေအနေနဲ့ ဒီထက်ပိုမိုပါဝင်အားဖြည့်ပေးပြီး တော်လှန်ရေးသမားတွေအနေနဲ့လည်း ပိုကြိုးစားဖို့လိုတယ်လို့ ပြောချင်ပါတယ်” ဟု မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ပြောဆိုသည်။