ဒေါ်သက်သက်ခိုင် လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရ

ဒေါ်သက်သက်ခိုင်ကို လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်တယ်လို့ ဘီဘီစီသတင်းဌာနကို ဖြေကြားပါတယ်။ သူဟာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် ကိုယ်စားလှယ်လောင်းစာရင်းက ပယ်ဖျက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ပုဒ်မ ၈ (ဃ)မှာတော့ ကိုယ်စားလှယ်လောင်းဟာ ‘နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ’ ဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။ အဲဒီပုဒ်မ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကမှ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်ထဲ ထပ်တိုးထည့်သွင်းခဲ့တာဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #သက်သက်ခိုင် #ရွေးကောက်ပွဲ #PPP #မြန်မာ

ဒေါ်သက်သက်ခိုင် လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရ
ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင် ဝင်ရောက်ယှဥ်ပြိုင်ခွင့် မရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ဘီဘီစီကို အတည်ပြုဖြေကြားပါတယ်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ)မှာတော့ ကိုယ်စားလှယ်လောင်းဟာ “နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ”ဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။
အဲဒီပုဒ်မ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကမှ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရာမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်ထဲ ထပ်တိုးထည့်သွင်းခဲ့တဲ့ ပုဒ်မဖြစ်ပါတယ်။
အခုရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၀၂၃ ဦး မှာ ဥပဒေနဲ့မညီလို့ ပယ်ဖျက်
ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးရှိတယ်လို့လည်း ကော်မရှင်က ပြောပါတယ်။
ဒေါ်သက်သက်ခိုင် ငြိစွန်းတယ်ဆိုတဲ့ ပုဒ်မ
၈ (ဃ) ဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ လူပုဂ္ဂိုလ်နဲ့သာ တိုက်ရိုက်သက်ဆိုင်ပြီး နိုင်ငံရေးပါတီနဲ့ အကျုံးမဝင်ဘူးလို့လည်း ကော်မရှင်ဆီက သိရှိရပါတယ်။
ဒါကြောင့် သူ့ရဲ့ ပြည်သူ့ရှေ့ဆောင် PPP ပါတီကတော့ ဆက်လက်ရပ်တည်ပိုင်ခွင့်ရှိတယ်လို့နားလည်ရပါတယ်။
စစ်ကော်မရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ရဲ့ဖြေဆိုချက်တွေနဲ့ ပတ်သက်လို့ ဒေါ်သက်သက်ခိုင်ဘက်က တစုံတရာတုံ့ပြန်တာတော့မရှိသေးပါဘူး။
ဓာတ်ပုံ – PPP ပါတီ
#ဘီဘီစီမြန်မာပိုင်း #ဒေါ်သက်သက်ခိုင် #ရွေးကောက်ပွဲ #စစ်တပ်