မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်သူကို သေဒဏ်ပေးဖို့ ဆောမြို့မှာ ဆန္ဒပြ​တောင်းဆို

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်သူကို သေဒဏ်ပေးဖို့ ဆောမြို့မှာ ဆန္ဒပြ​တောင်းဆို
အောက်တိုဘာ-၂၆၊၂၀၂၅။ထားမြတ်/People’s Spring

ဆော့မြို့မှာ အသက် ၁၃နှစ်အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆောမြို့ပေါ်မှာ ဒေသခံတွေက ဒီကနေ့ ဆန္ဒပြခဲ့ပါတယ်။
အောက်တိုဘာ ၂၁ရက်က ဆောမြို့က အသက် ၁၃နှစ် မိန်းကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူကိုဆောမြို့နယ်ပြည်သူ့ကာကွယ်
ရေးတပ်(PDF)က ဖမ်းဆီးစစ်ဆေးနေတယ်လို့ထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်သူဟာ အသက် ၂၁နှစ်အရွယ် မင်းမင်းစိုး ဆိုတဲ့ ကာကွယ်ရေးရဲဘော် ဖြစ်ပြီး သူကလည်း ကျူးလွန်တာကို ဝန်ခံထားတယ်လို့ ဆိုပါတယ်။
မိန်းကလေးငယ်ကို ကျူးလွန်ခဲ့သူကို သေဒဏ်ပေးဖို့ ဆောမြို့ ပြည်သူတွေက ဆန္ဒပြ တောင်းဆိုခဲ့တဲ့ ရုပ်သံကိုလည်း ဒေသခံတဦးက​အောက်တိုဘာ ၂၆ ရက်မှာ လူမှုကွန်ယက်မှာဖော်ပြထားပါတယ်။ ဆန္ဒထုတ်ဖော်သူတွေက ကျူးလွန်သူကို ပြည်သူ့ရှေ့မှာ ချက်ချင်း ​သေဒဏ်​ပေးဖို့ တောင်းဆို​နေကြတာကိုလည်း ရုပ်သံမှာ ကြားရပါတယ်။
“အရင်ကလည်းမုဒိမ်းမှု ရှိတဲ့တဲ့ သူက(ကျူးလွန်သူက)”လို့ဒေသသတင်းရင်းမြစ်ကတဦးကပြောပါတယ်။
​အောက်တိုဘာ ၂၆ ရက်ညမှာဆောမြို့ပေါ်မှာ ပစ်
ခတ်မှုတွေ ဖြစ်ပေါ်နေကြောင်းလည်း ဒေသခံအ
ချို့ကပြောပါတယ်။ ပစ်ခတ်မှုကို စစ်ကောင်စီတပ်က ပြုလုပ်နေတာဖြစ်ပြီး ဘာကြောင့် ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာ အသေးစိတ်ကို မသိရသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။
ရုပ်သံ-​ဒေသခံ

25.10.2025
ဆောမြိုပေါ်တွင် အသက်(၁၃)နှစ်အရွယ်မိန်းကလေးအား မုဒိမ်းကျင့်သတ်ဖြတ်အလောင်းဖျောက်မှုဖြစ်ပွား

ဖြစ်စဉ်မှာ 21.10.25 ရက်နေ့က ဆောမြို့၊သီရိ(ရတနာ)ရပ်ကွက်နေ ဖခင် ဦး၀င်းခိုင်၊ မိခင်ဒေါ်ဌေးရီတို့၏ သမီးဖြစ်သူ မအေးငြိမ်လင်း (အသက် – ၁၃ နှစ်)ဟာ အရင်ကလဲ မိသားစုနှင့်ရင်းနှီးကျွမ်း၀င်သူဖြစ်တဲ့ တရားခံဖြစ်သူ မောင်မင်းမင်းစိုး(၂၁)နှစ် ဆိုသူလာခေါ်သဖြင့် နေအိမ်မှအတူလိုက်ပါသွားရာမှ ယနေ့နံနက်ပိုင်း အဆက်အသွယ်မရပဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ယနေ့ 25.10.2025 ရက်နေ့ နံနက်ပိုင်းမှာတော့ ပတ်၀န်းကျင်ရဲ့သတင်းပေး‌ပို့မှုအရ ဆောမြို့၊ ပြည်သူ့ဆေးရုံ၀န်းအတွင်း အခန်းတစ်ခုမှာ ပုပွနေပြီဖြစ်တဲ့ မအေးငြိမ်းလင်းရဲအလောင်းကိုတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပေျာက်ဆုံးတဲ့နေမှစ၍ သံသယတရားခံဖြစ်သူမင်းမင်းစိုးဆိုသူကို သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တို့မှ လိုက်လံရှာဖွေစုံစမ်းမှုတွေပြုလုပ်နေခဲ့ရာ ယနေ့ညနေပိုင်းမှာ တရားခံဖြစ်သူ မင်းမင်းစိုး(၂၁)နှစ်ကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ကနဦးစစ်ဆေးမှုအရ တရားခံဟာ မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်မှုပြုလုပ်ခဲ့တယ်လို့ ‌၀န်ခံထွက်ဆိုထားတယ်လို့သိရှိရပါတယ်။ လက်ရှိမှာတော့ တရားခံကို သက်ဆိုင်ရာအဖွဲ့အစည်းမှ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပီး စစ်ဆေးတွေ့ရှိချက်တွေကိုသိရှိရပါက မိဘပြည်သူများထံ တင်ပြပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

မှတ်ချက် – တရားခံ မင်းမင်းစိုးဟာယခင်ကလည်း အလားတူ မုဒိန််းမှုတစ်ခုကိုကျူးလွန်းထားသူလို့သိရှိရပါတယ်။အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးပြီးပါကပြန်လည်တင်ပြပေးပါမယ်ခင်ဗျာ။

—————— Aung Gyi ——————-

ယောအလင်းတန်း