မတ္တရာအရှေ့ခြမ်းမှာတိုက်ပွဲ တွေဆက်လက်ပြင်းထန်
■တော်လှန်ရေးတပ်တွေဘက်က ရွာသုံးရွာခန့်ဆုတ်ပေးခဲ့ရဟုဒေသခံအချို့ပြော
အောက်တိုဘာ၂၃၊၂၀၂၅။ရှိန်း/People’s Spring
မတ္တရာမြို့နယ်၊အရှေ့ခြမ်းမှာ မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က အသေခံတိုးလာတာမို့တော်လှန်ရေးတပ်တွေကကျေးရွာ၃ရွာလောက် နောက်ဆုတ်ပေးလိုက်ရတယ်လို့ ဒေသခံ အချို့ကပြောပါတယ်။
အောက်တိုဘာ၂၂ရက် နေ့၊မနက်၉နာရီလောက်ကစပြီး ငါးလုံးပြွန်ရွာရဲ့ မြောက်ဘက်မှာတိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ ကွင်းပြင်တွေ လယ်ကွင်း တွေအထိ စစ်တပ်က အင်အားအလုံးအရင်းနဲ့တိုးလာပြီး တော်လှန်ရေးတပ်တွေ ဘက်က လက်
နက်ကြီး၊စက်လက်တွေ၊လက်နက်ငယ် တွေနဲ့ခုခံခဲ့ပေမယ့်အသေခံတိုးလာတာမို့ နယ်မြေအချို့ ပြန်ပေးခဲ့ရတာလို့ စုံစမ်းသိရပါတယ်။
“အတုန်းရုန်းလဲ ကျနေတာကြီးကို မြင်နေရတယ်ဗျာ။အဲဒီအပေါ်ကနေကိုသူတို့(စကစ)ကဆက်တက်လာတာ။ကျွန်တော်အထင်မူးယစ် ဆေးတွေကျွေးပြီး တိုက်ခိုင်းနေတယ်။မျက်မြင်ကို တစ်ရာ လောက်ရှိတယ်လဲကျသွားတာ”လို့ ရှေ့တန်းနယ်
မြေကိုရောက်နေသူတဦးကပြောပါတယ်။
စစ်ကောင်စီဘက်က လည်း အသေခံ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ တော်လှန်ရေးရဲဘော်
အချို့လည်း ထိခိုက်ကျဆုံးမှု တချို့ရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက် တိုက်ပွဲဟာ မနက် ၉နာရီကစကာ ပြင်းထန်ခဲ့ပြီး ညနေ၃နာရီမှာ မိုးသည်း
ထန်လာချိန်မှာစစ်တပ်ကရွာတွေကိုဝင်စီးခဲ့တာလို့ သိရပြီး ညနေ၅နာရီမှာ လက်နက်ငယ်ပစ်ခတ်မှု မရှိတော့ဘဲ တော်လှန်ရေးတပ်တွေဘက်က နယ်
မြေ တချို့ဆုတ်ပေးခဲ့ရတာလို့သိရပါတယ်။
“ရဲဘော်တွေလည်း ၃ရက်လောက် တောင့်ခံခဲ့တယ်”လို့ဒေသခံတဦးကပြောပါတယ်။
အောက်တိုဘာ ၂၂ ရက်တိုက်ပွဲမှာစစ်တပ်ဘက်က သပြေလှ၊ကျွဲကျရွာ၊ ဆိပ်သာရွာ အရှေ့ခြမ်းတို့ကိုပြန်ထိန်းချုပ်နိုင်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ ည
နေပိုင်းမှာလည်း စစ်တပ်က ကား၅စီးနဲ့ အင်အားထပ်တိုးထားပြီး ဆိပ်သာရွာရဲ့ တောင်ဘက်က တောင်ပေါ်ကိုအထိုင်ချထားတယ်လို့သိရပါတယ်။
မတ္တရာမြို့နယ်က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မန္တလေးPDF ကိုဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားပေမယ့်ဆက်သွယ်လို့မရသေးပါဘူး။
ပြည်သူကာကွယ်ရေးတပ်မတော်-မန္တလေး
(MDY-PDF) နဲ့ မဟာမိတ်တပ်တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း(ရှမ်းမန်းစစ်ဆင်ရေး) မှာ စဥ့်ကူးမြို့အပါအဝင် တစ်မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို ၊မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းက စစ်တပ်နဲ့ ရဲစခန်း ပေါင်း ၄၀ ခန့်ကို သိမ်း
ပိုက်ပြီး မတ္တရာမြို့နယ် အရှေ့ခြမ်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ် ။စစ်တပ်က စစ်သားသစ်နဲ့ ပျူစောထီးအင်အားအများအပြားတိုးခဲ့သလို၊ တရုတ်အစိုးရဆီက လက်နက်ခဲယမ်း ၊ နည်းပညာအကူ
အညီတွေရခဲ့ပြီး ၊ရှမ်းမြောက်က တော်လှန်ရေးတပ်တွေကိုထိုးစစ်မလုပ်ဖို့ တရုတ်ကဖိအားပေးပြီးချိန်မှာ စစ်တပ်က အခုနှစ်ဆန်းကစပြီး တန်ပြန်
ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ စစ်တပ်က လေကြောင်းက ဒရုန်းနဲ့ တိုက်လေယာဥ်တွေအသုံးပြုဗုံးကြဲသလို လက်နက်ကြီးပစ်ကူနဲ့ မြေပြင်အင်
အားအများအပြားအသုံးပြုတန်ပြန်ထိုးစစ် ဆင်လာချိန်မှာ တော်လှန်ရေးတပ်တွေမှာ တရုတ်အစိုးရရဲ့ဖိအားကြောင့် လက်နက်ခဲယမ်းရရှိမှုအကန့်တွေကြောင့် သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေအချို့ကနေ ပြန်ဆုတ်ပေးနေရတာတွေရှိတယ်လို့ စစ်ရေးအကဲခတ်အချို့ကပြောပါတယ် ။
(မန္တလေး PDF မှတပ်ဖွဲ့ဝင်များကို စစ်သင်တန်းဆင်းပွဲတစ်ခုမှတွေ့ရစဥ် ။ ဓါတ်ပုံ-MDY-PDF)