■ လှိုင်သာယာမြို့နယ်တွင် သားမိနှစ်ဦးအား သူခိုးဟုဆိုကာ ပြောဆိုရိုက်နှက်ပြီး နေပူထဲရှိ ဓာတ်တိုင်၌ ကြိုးချည်ထားသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်၌ ပျံနှံ့မှုအပေါ် ဆိုင်ရှင်ဖြစ်သူအား ဝေဖန်မှုမြင့်တက်

■ လှိုင်သာယာမြို့နယ်တွင် သားမိနှစ်ဦးအား သူခိုးဟုဆိုကာ ပြောဆိုရိုက်နှက်ပြီး နေပူထဲရှိ ဓာတ်တိုင်၌ ကြိုးချည်ထားသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်၌ ပျံနှံ့မှုအပေါ် ဆိုင်ရှင်ဖြစ်သူအား ဝေဖန်မှုမြင့်တက်

လှိုင်သာယာမြို့နယ်တွင် သားမိနှစ်ဦးအား သူခိုးဟုဆိုကာ ပြောဆိုရိုက်နှက်ပြီး နေပူထဲရှိ ဓာတ်တိုင်၌ ကြိုးချည်ထားသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်၌ ပျံနှံ့မှုအပေါ် ဆိုင်ရှင်ဖြစ်သူအား ဝေဖန်မှုမြင့်တက်နေကြောင်း သိရသည်။
ယင်း Video ဖိုင်တွင် ဆိုင်ရှင်ဖြစ်သူက “သူခိုးမပါဗျို့၊ ဒီမှာသေချာကြည့်ထား၊ ငါ့ရပ်ကွက်ထဲ လာခိုးတဲ့သူခိုးမ၊ လွန်လွန်းအားကြီးတယ်။ တစ်ခါလာလည်း ခိုးတယ်၊ နှစ်ခါလာလည်းခိုးတယ်။ ကလေးအကြောင်းပြပြီး လာခိုးတာ။ ပိုက်ဆံလျော်နိုင်ရင်လျော် မလျော်နိုင်ရင် ရဲစခန်းထဲ တစ်ခါထဲထည့်ပစ်မှာ။ ငါ့ဆိုင်က ပစ္စည်းခိုးသွားတယ်မို့လား ပြန်လိုချင်တယ်။ ငါကိုများ ဘာမှတ်နေလဲ” စသဖြင့် ပြောဆိုပြီး ရိုက်နှက်သည်ကို တွေ့ရှိရသည်။
ဆက်လက်ပြီး ဆိုင်ရှိဝန်ထမ်းများဖြင့် ဆွဲခေါ်ပြီး ဆိုင်ရှေ့ရှိ ဓာတ်တိုင်၌ သားမိနှစ်ဦးစလုံးကို ကြိုးချည်ထားကြောင်း၊ ယင်းနောက်ဆိုင်ရှင်ဖြစ်သူက “ရေနွေးပူသွားယူသွား၊ ရေနွေးပူကို ခေါင်းကနေ လောင်းချလိုက်မယ်။ နောက်လုပ်လို့မရအောင်လို့၊ ကလေးပါလောင်းချပစ်မယ်။ ရေနွေးသွားကြိုသွား၊ ငါကမိုက်ရင် သူများထက်မိုက်တယ်” စသဖြင့် ပြောဆိုနေသည်ကိုလည်း ယင်း Video ဖိုင်၌ တွေ့ရှိရသည်။
ယင်းဖြစ်စဉ်အပေါ် လူမှုကွန်ရက်အသုံးပြုသူများကြားတွင် ဆိုင်ရှင်ဖြစ်သူအား ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
လူမှုကွန်ရက်စာမျက်နှာရှိ Paing Soe Thu အမည်ရှိ အကောင့်တစ်ခုက “တရေးနိုးလာတဲ့အချိန် FB မှာ ပွဲတွေစည် တခြားပွဲအာရုံမရပေမဲ့ ဟိုလှိုင်သာယာက ပစ္စည်းခိုးခံရတဲ့ ဆိုင်ရှင်အမရေ သူများတွေလည်း ခိုးခံရတဲ့ video တွေ တရားခံမိတဲ့ video တွေ တင်ကျပါတယ်။ အားလုံးသူခိုးကို စိတ်တို ဆိုင်ရှင်ဘက်က စိတ်တိုကျတာများပါတယ်။ အမအလှည့်ကျမှ လူပါးဝသလို ခံစားရပြီး သူခိုးဘက်ကနေပါ စိတ်တိုနေရတယ်။ မကျေနပ်ရင် ရုပ်ကိုပုံရိုက်ထား သူခိုးပါဆိုပီး Video ရိုက်ထားလေ တအားဒေါသထွက်လို့ ခြေပါလက်ပါအုန်း ရတယ်။ တော်ပီလေ တချက်နှစ်ချက်လောက် အခုဟာကြီးက ခင်ဗျားပြောတဲ့ လာခိုးတာ တစ်ခေါက်မကဘူးတို့ တနင်္ဂနွေနေ့တိုင်း လာခိုးတယ်တို့ဆိုတာ သက်သေပြ။ အခုဟာက အမူ့ကြီးအောင် ပြောနေတယ်ဆိုတာ တအားသိသာနေတယ်။ အမမှန်ရင် cctv record တွေ တင်ပါနော်။ ဘယ်နှယ့်ဗျာ အခုဟာကြီးက ဆံပင်မွှေးကို အရင်းကဆွဲ ချီပွေ့ထားရတဲ့ ကလေးအရွယ်ကို စောင့်တွန်း၊ သက်ဆိုင်ရာနဲ့ ရှင်းရမဲ့ကိစ္စကို ကိုယ့်စိတ်သဘောလုပ်နေ၊ နေပူကြဲတဲ လူကြီးတယောက်ထဲဆိုမပြောလိုပေမဲ့ ပိစိကလေးပါ နေပူကြဲတဲ ဓာတ်တိုင်မှာကြိုးတုပ်ပြီး ရေနွှေးပူနဲ့ လောင်းမယ်ဆိုပြီး ခြောက်တဲ့သဘောမဟုတ်ပဲ အတည်ကြီး သုံးခါလောက်ပြောပြီး တကယ်ကြိုခိုင်းတာ၊ ကလေးပါလောင်းချပစ်မယ်တဲ့ အမေတယောက်စိတ်ထဲ ဘယ်လောက်တောင်ပြာယာခတ်သွားမလဲ၊ ပြောထွက်ရက်တယ်။ ငါကမိုက်ပီဆိုသူများထက် မိုက်တယ်တဲ့၊ (ဟုပါတယ်။ မိုက်ပါတယ်။ အမရေ ေ-စာက်ရမ်းမိုက်ပါတယ်)၊ (တကယ်လောင်းမလောင်းတော့မသိပါ အသားပါခွါယူမယ်တဲ့)၊ တရားလွန်တွေ သူခိုးအားပေးတာမဟုတ်ပေမဲ့၊ ဟိုကဘာမှမတုန့်ပြန့်တဲ့အပြင် အရမ်းခက်ခဲလို့ပါ။ လျော်စရာလည်းမရှိလို့ ပေးတဲ့အပြစ်ခံပါ့မယ်ဆိုပြီး ပြောနေပီလေ။ မကျေနပ် ရဲလက်အပ်ပေးပါ ပြောနေတာကို Cele ဖြစ်ခြင်ရုံ Tik Tok ရိုက်ခြင်ရုံနဲ့ မိခင်တွေ ကလေးတွေဂရုမစိုက် လုပ်ခြင်တာ လုပ်မယ်ဆိုတဲ့ သဘောတော့ဖြစ်နေတယ်အမရေ။ သူ့အမှားကနေ ကိုယ့်အမှားဖြစ် အမမေတ္တာတွေခံစားရပါစေ။ အမဘဝကြီးအေးချမ်းပါစေ ပြည်သူ့မေတ္တာခံစားရပါစေ” စသဖြင့် ရေးသားထားသည်ကို တွေ့ရသည်။
ထိုသို့ရေးသားထားသည့် ပို့စ်အောက်တွင် ထောက်ခံသည့် မှတ်ချက်အများအပြား ရေးသားကြသည်ကိုလည်း တွေ့ရှိသည်။
@Eleven Media Group