မိုးကုတ်-မန္တလေးလမ်းကို စစ်တပ်က တိုက်ခိုက်နေလို့ လမ်းယာယီပိတ်

မိုးကုတ်-မန္တလေးလမ်းကို စစ်တပ်က
တိုက်ခိုက်နေလို့ လမ်းယာယီပိတ်
အောက်တိုဘာ-၁၁၊၂၀၂၅။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊မိုးကုတ်-မန္တလေးလမ်းပေါ်ကဖော့တောလမ်းပိုင်းကို စစ်တပ်က တိုက်ခိုက်နေလို့ လမ်းကို ယာယီပိတ်ထားလိုက်ကြောင်း မိုးကုတ်
ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အောက်တိုဘာဒုတိယပတ်အတွင်း ကာကွယ်ရေးအဖွဲ့တွေစိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းက ဖော့တောလမ်းပိုင်းကို စစ်တပ်က Y12 တွေ ၊
ဒရုန်းတွေ သုံးပြီး နှစ်ရက်ဆက်တိုက် ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ဒါ့ကြောင့် ခရီးသွားပြည်သူတွေ ထိခိုက်မှာ စိုးရိမ်တဲ့အတွက်အောက်တိုဘာ ၁၁ ရက်မနက်က စတင်ပြီး ယာယီပိတ်ထားလိုက်ကြောင်း မိုးကုတ်မြို့နယ် ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“လမ်းပိုင်းတခုလုံးကိုလည်း စုတ်ပြတ်သက်အောင် တိုက်ခိုက်ထားတာတွေ ကြုံနေရတယ်။ ခရီးသွားပြည်သူတွေ ဒီရက်ပိုင်းအတွင်းမှာ ထိခိုက်သေဆုံးတာတွေ၊ အပြစ်မဲ့ ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်နေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေထပ်ပြီးဆုံးရှုံးမှုမဖြစ်ရလေအောင်လော
လောဆယ်ဆယ် ယာယီအနေနဲ့ ခေတ္တခဏ ပိတ်ထားတာပါ။”လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။
လမ်းပိုင်း ပိတ်လိုက်တဲ့အတွက် မိုးကုတ်-မန္တလေးလမ်း နေရာတချို့မှာကားအစီးရေများစွာပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တံတားကြီးဂိတ်ရော၊ကျပ်ပြင်ဂိတ်ရောပိတ်ထားတာ။တံတားကြီးမှာတောင်ခုကားတွေ အများကြီးပဲ ပေးမဖြတ်ဘူး။”လို့ ဒေသခံတဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစပြီး တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတလျှောက်က မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းနယ်အတွင်းက နယ်​မြေတွေကို စစ်တပ်က ပြန်လည်ရရှိဖို့ ကြိုးစားနေတာဖြစ်ပြီး လေကြောင်းတိုက်
ခိုက်မှု​တွေကို အဓိကပြုလုပ်နေပါတယ်။
(မန္တ​လေး-မိုးကုတ်လမ်းပိုင်းတ​နေရာမှာ အိမ်စီးကားနဲ့ ခရီးသည်တင်ကား​တွေကို ၂၀၂၃ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-CJ)