ရွှေဘိုမှာတပ်မ(၃၃)လက်အောက်ခံစစ်ကြောင်း ကို PDFတွေတိုက်ခိုက်၊၇ဦးသေဆုံးပြီး ၄ဦးဖမ်းမိ

ရွှေဘိုမှာတပ်မ(၃၃)လက်အောက်ခံစစ်ကြောင်း
ကို PDFတွေတိုက်ခိုက်၊၇ဦးသေဆုံးပြီး ၄ဦးဖမ်းမိ
■PDF ၂ ဦးကျဆုံး ၊စစ်တပ်လက်နက်ကြီး​ကြောင့်ကိုရင်​လေးပါးပျံလွန်
​အောက်တိုဘာ-၅၊၂၀၂၅။လူအေး/People’s Spring

စစ်ကိုင်းတိုင်းရွှေဘိုမြို့မှာ စစ်ကောင်စီရဲ့တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းကို ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးပြီး လေးဦးဖမ်းမိထားတယ်လို့ ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်းကထုတ်ပြန်ပါတယ်။
အောက်တိုဘာလ၂ ရက်နေ့ မနက် ၆နာရီခွဲခန့်က
တပ်မ- ၃၃ လက်အောက်ခံ စခတ (၈)ကနေ ထွက်လာတဲ့ အင်အား၆၀ခန့်ရှိတဲ့စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တဂဏန်းကျေးရွာအနီးမှာ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ နေ့လယ်၁၂နာရီခွဲအထိ တိုက်ပွဲတွေပြင်း
ထန်ခဲ့ပြီး စစ်တပ်ကတပ်ကြပ်ကြီး စံထွေးအပါ
အဝင် ခုနစ်ဦးသေဆုံးသလို ဆယ်ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း၂၆ ကအောက်
တိုဘာလ၅ရက်မနက်အ​စောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် တပ်ကြပ်တစ်ဦးနဲ့ ပြည်သူ့စစ်စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်သုံးဦး ဖမ်းမိခဲ့ပြီး ၆၀ မမ ကွန်မန်ဒိုပြောင်း တစ်လက်၊ MA-3 သေနတ်တစ်လက်၊ MA-1တစ်လက် နဲ့ ၆၀မမ အဖူးတစ်ဖူး၊ RPG-7အဖူးနှစ်ဖူး၊ ကျောလွယ်ဂျမ်ဘာတစ်ခု၊ ၅.၅၆ကျည်ဆံ ၁၀၀ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“မြို့ထဲမှာတပ်စွဲထားတဲ့စစ်ကြောင်း။တဂဏန်းကျေးရွာကိုဝင်လာလို့စောင့်တိုက်တာ။သုံ့ပန်းတွေရောလက်နက် ခဲယမ်းတွေပါရတယ်”ဟုရွှေဘိုခရိုင် ပကဖနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အဲဒီစစ်ကြောင်းဟာရွှေဘိုမြို့တောင်ဘက်မုဒ်‌ Good Brother ရုံးမှာ တပ်စွဲထားတဲ့စစ်ကြောင်းဖြစ်ပါတယ်။ရွှေဘိုခရိုင်တပ်ရင်း ၄၊ ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ -Together We Canနဲ့ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ်(၅) ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်
ရေးအဖွဲ့၊ Northern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်
ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီးသုံးဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ ရွှေဘိုမြို့ပေါ်ကနေ စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ရွှေဘိုမြို့ကားကြီးကွင်းအနီး အောင်မြေဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်
နက်ကြီးကျည်​ထိမှန်လို့ကိုရင်လေးပါးပျံလွန်တော်မူပြီး ရှစ်ပါးဒဏ်ရာရခဲ့တယ်လို့ရွှေဘိုခရိုင်တပ်
ရင်း(၂၆)ကသတင်းထုတ်ပြန်ထားပါတယ်။
“အဲ့ဒီစစ်ကြောင်းမှာ ပြည်သူ့စစ်သင်တန်းဆင်းတွေ တော်တော်များများပါလာတယ်။လက်နက်ချဖို့ပြောပေမယ့်မရတဲ့အခါ တိုက်စစ်ဖော်ရတာပဲ” လို့ ရွှေဘိုမြို့က ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာတိုက်ခိုက်ခံရပြီးတဲ့နောက် ပြန်လည်ဆုတ်ခွာသွားပြီး ထပ်မံစစ်ကြောင်းထိုးဖို့ပြင်ဆင်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံ
ရေးအန္တရာယ်သတိပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။
ရုပ်သံ-​ရွှေဘိုခရိုင်တပ်ရင်း (၂၆)