 
ဟိုနေ့က မေးထားတဲ့ ကိစ အမှန် လာပါပီနော်
ဒီဆေးခန်းကို သတိထားမိအောင်လို့ပါ😔
ဆုံး_တဲ့ကောင်မလေးက ၂၄ နှစ် ဂျပန်သွားဖို့ တအားကြိုးစားနေသူလေးပါ
**************************..






ဆေးကုသတဲ့ ဆေးစာရွက်
စာတမ်းများအားလုံးပါပဲ
မိုးသီးဆေးရုံက ဆေး၂လ သောက်ဖို့ ညွှန်ကြားတယ် ၁ပါတ် သောက်ပြီး ဆေးခန်းပြန်ပြခိုင်းတယ်
သလိပ်စစ်တယ် အဖြေကောင်းတယ် ၂လပြည့်ရင် ဆေးခန်းပြန်ပြ ဖို့ ပြောတယ် ၁လ ၅ရက်ပဲ ဆေးကသောက်ရသေးတယ်
၂လမပြည့်ခင် ကြားထဲမှာ
အခုလိုမျိုးတွေ ဖြစ်ကုန်တာပဲဗျာ နဂိုကတည်းကလည်း ညီမလေးမှာ ရောဂါအခံမရှိဘူး ဂျပန်သွားရမှာဆိုတဲ့ စိတ်နဲ့ အရမ်းကြိုးစားတယ် ရန်ကုန်ကနေ မန္တလေးကို ခဏပြန်လာတဲ့အချိန်ထိ ဆေးတွေက ဆက်သောက်တုန်း
နေသိပ်မကောင်းလို့ မန္တလေးကို ခဏပြန်လာခဲ့တာ သိပ်မကြာဘူး နေမကောင်းလို့ အော်ဟစ်လူးလှိမ့်နေလို့ မန္တလေးက ဇီဝက ဆေးခန်းကိုပြတယ်။
ဇီဝက ဆေးခန်းက ဆေးရုံတက်မှရမယ်လို့ပြောတော့ မဂ်လာမျိုးဆက်သစ် ဆေးရုံကို ညွှန်တယ် အဲ့မှာ ဆေးရုံတက်တယ် သမားတော်က ဓာတ်မှန်ရိုက်ဖို့ညွှန်တော့ လင်းရောင်ခြည် ရောဂါရှာဖွေရေးမှာ ဓာတ်မှန်ရိုက်တယ် အဖြေထွက်လာတော့ သမားတော်က အသည်းကပျ_က်စီးနေပြီတဲ့ ကုသရင်တောင် 50/50 ပဲတဲ့
တီဘီဆေးတွေကြောင့် ဖြစ်တာလို့လည်း သိရတယ် အသားအရေတွေ ညိုမဲပြီး
အဖုပိန့်တွေထတယ် ယားလို့ နာလို့ဆိုပြီး အော်တယ်
ဗိုက်တွေအောင့်လို့ဆိုပြီး
ပြောတယ်
နှာခေါင်းမှာ အောက်ဆီဂျင်ပိုက်က တန်းလန်းနဲ့ ခန္ဓာကိုယ် သေးသွယ်ပြီးဖြူနေတဲ့ အသားအရေတွေဟာ မဲညိုပြီး ကိုယ်တွေပါ ဖောရောင်လာခဲ့တယ် သွေးလိုလို့ သွင်းရမယ်ဆိုပြီး 6သွးသွင်းတယ်
ဆေးလည်းထိုးတယ် မသက်သာတော့ ညိမ်း ဆေးရုံကို ပြောင်းတယ်
ထို့အတူပဲ ညိမ်းရောက်တော့လည်း သမားတော်က အသည်းက လုံးပျက်စီးနေပြီ အဆုတ်ရော
အသည်းရော အလုပ်မလုပ်တော့ဘူးတဲ့ ပြောတယ် ဆေးရုံမှာ စောင့်နေတဲ့ ညီမလေးနဲ့ အဒေါ်က
အစ်ကိုရေ ဒီလိုပဲပေါ့ ဖြစ်စဥ်တွေကို ပြောပြတော့
အဲ့တော့မှ သိလိုက်ရတာက ငါ့ညီမလေးတော့ သွားပြီပေါ့ စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်နေရုံက လွဲပြီး ဘာမှမတတ်နိုင်တော့တဲ့ အခြေအနေတစ်ခု ရောက်သွားပြီဆိုတာ
နောက်နေ့ 6သ/ဆုံးသွားပြီဆိုတဲ့ အကြောင်း
ပထမ ပိုစ့်တင်တဲ့နေ့မှာ
မန့်တွေထဲက တစ်ချို့သော
မိတ်ဆွေတွေက ဆေးရုံကို တ/ရားစွဲဖို့ ပြောကြပေမဲ့
ကျနော်တို့မှာ အဲ့လောက်ထိ ငွေအင်အားမတတ်နိုင်ဘူးလေ
 အားလုံးသိတဲ့အတိုင်းပဲမို့လား တရားမျှတမှုဆိုတာ အခြေခံလူတန်းစားတွေအတွက်
မဟုတ်ဘူး အဲ့ဒါကြောင့် စိတ်/ဆိုး ဒေါ/သထွက်ပြီး
ရင်နာနာနဲ့ ညီမလေးကို
ဆုံးရှုံးသွားရတဲ့ စိတ်နဲ့ပဲ
မြိုသိပ်နေခဲ့ရတာ
ဘာမှမတတ်နိုင်ဘူးလေ
အခု ဒီစာရွက် စာတန်းတွေ ချပြတယ်ဆိုတာကလည်းဆေးရုံ/ဆေးခန်းတွေကို
နစ်နာပါစေဆိုတော့ စိတ်နဲ့ တင်ရတာမဟုတ်ဘူး
နောက်လူတွေ ဆင်ခြင်နိုင်ဖို့ပါ ကျွန်တော့ ညီမလေးလို ထပ်ပြီး မဖြစ်စေချင်တဲ့ ဆန္ဒ တစ်ခုထဲနဲ့ပါပဲ
အခုလိုမျိုး ပိုစ့်တင်ပြီးတော့ ပြောရတာကလည်း
ပထမပိုစ့်မှာ ဆေးရုံ ဆေးခန်းနာမည်တွေကို ချပြပါ့မယ်လို့ ပြောထားလို့ပါ
   #credit #hockey .