ဒေါက်တာစိုးသူရဇော်ကို PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ်အဖြစ် NUGက တာဝန်ပေးအပ်

ဒေါက်တာစိုးသူရဇော်ကို PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ်အဖြစ် NUGက တာဝန်ပေးအပ်
အေတီ/BVJ_ စက်တင်ဘာ ၁၀၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်‌ရေးဝန်ကြီးဌာန PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ်အဖြစ် မန္တလေးPDFခေါင်းဆောင် ဒေါက်တာစိုးသူရဇော်ကို ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
အဲ့ဒီသတင်းကို ဒေါက်တာစိုးသူရဇော်က အတည်ပြုပေးခဲ့ပြီး “ဒု စစ်ဦးစီးအရာရှိချုပ်ရဲ့တာဝန်တွေကို အပြည့်အဝထမ်းဆောင်မယ်”လို့ BVJကိုပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) Mandalay People’s Defence Force ရဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်ဟာ မန္တလေးတိုင်း၊မိုးကုတ်မြို့ဇာတိဖြစ်ပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ဇူလိုင်လ တတိယပတ်အတွင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲမှာလည်းဦးဆောင်ပါဝင်ခဲ့သူပါ။
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းတဲ့အချိန်မှာ သွားဆရာဝန်အဖြစ် မိုးကုတ်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းနေတဲ့ ဒေါက်တာစိုးသူရဇော်ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာဝင်ပါခဲ့ပြီးနောက် Mdy-PDF တပ်ဖွဲ့နဲ့အတူ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေပါတယ်။
ဓာတ်ပုံ- ဒေါက်တာစိုးသူရဇော် ဖေ့စ်ဘုခ်