မုံရွာ-မန္တလေးလမ်းတိုက်ပွဲမှာ စစ်တပ်ကား ၁ စီးပျက်စီး ၊​သေနတ်၂လက်ရဟု​တော်လှန်​ရေးတပ်ဖွဲ့​တွေ​ပြော

မုံရွာ-မန္တလေးလမ်းတိုက်ပွဲမှာ စစ်တပ်ကား ၁ စီးပျက်စီး ၊​သေနတ်၂လက်ရဟု​တော်လှန်​ရေးတပ်ဖွဲ့​တွေ​ပြော
သြဂုတ်-၃၁၊၂၀၂၅။​ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းပေါ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုတွေရှိပြီးကား ၁ စီးပျက်စီးကာ လက်နက်အချို့ကိုပါ ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။
သြဂုတ်၃၀ ရက်၊မနက် ၆ နာရီခန့်ကစစ်ကိုင်းတိုင်း
၊မုံရွာ-မန္တလေးလမ်းမကြီးပေါ်မြောင်လမ်းခွဲကနေ အာရာဖက်တစ်စီး၊ ဖိုးဝှီးတစ်စီးနဲ့အင်အား၂၅ဦး ဝန်းကျင်ပါတဲ့ စစ်အုပ်စုကိုတော်လှန်ရေးအင်အား
စုတွေက တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွားကြောင်း Black Eagle Defence Force(MMU)
အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“မြောင်လမ်းခွဲကနေအလ္လကပ္ပရွာကိုကင်းပုန်းထွက်ပြီးတော့သူတို့ပိုက်ဆံကောက်ဖို့ထွက်လာတာ။ပထ
မဆုံးကားကို RPG နဲ့ထုလိုက်တာ ထိသွားပြီးတော့ ကားပေါ်က ဘာမှမလုပ်နိုင်တော့ဘဲနဲ့ အောက်မှာခြေလျင်လျှောက်လာတဲ့စခတွေနဲ့ပစ်ခတ်မှုဖြစ်တာ။”လို့ အထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။
မြေပြင်သတင်းတွေအရစစ်သား ၁၃ ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူတွေများတယ်လို့ ကာ
ကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ တော်လှန်ရေးရဲဘော်တစ်ဦးလည်း ခြေထောက်ကျည်ထိမှန်ခဲ့ကြောင်း သိရပါတယ်။
အဲဒီစစ်အုပ်စုတွေဆီကနေ MA11 နှစ်လက်၊ ကျည် ဘောက်တစ်ခုနဲ့ အီနာဂါ တစ်လုံး သိမ်း
ဆည်းနိုင်ခဲ့ကြောင်း၊ မြင်းမူဘက်က စစ်ကားနှစ်စီး ထွက်လာလို့ ဆုတ်ခွာခဲ့တယ်လို့ Black Eagle Defence Force(MMU)အဖွဲ့က အသိပေးပါတယ်။
ပျက်စီးသွားတဲ့ကားကိုတော့မြင်းမူဘက်ကနေ ည
နေပိုင်းမှာ ကားနဲ့လာဆွဲသွားတယ်လို့ သိရပါတယ်။
အဆိုပါစစ်ဆင်ရေးကို မြင်းမူမြို့နယ်ပကဖတပ်
ဖွဲ့ဦးဆောင်ပြီး Black Eagle Defence Force
(MMU)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)တပ်ခွဲ(၂)၊အလ္လကပ္ပတိုက်နယ်တပ်ဖွဲ့၊တောချောင်းဦးတိုက်နယ်တပ်ဖွဲ့၊ မြင်းမူမြို့နယ်ပလဖတပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
သြဂုတ် ၃၀ ရက်​နေ့တိုက်ပွဲကြောင့် မုံရွာ-မန္တလေးလမ်းမှာ ခရီးသွား ကားအစီးရေရာချီ ပိတ်မိခဲ့ပါတယ်။ပြီးခဲ့တဲ့သြဂုတ်၂၂ ရက်က မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးကားသမားတစ်ဦးပါသေဆုံးခဲ့ပါသေးတယ်။
(သိမ်းဆည်းရမိသောလက်နက်အချို့အားတွေ့ရ
စဥ်။ဓာတ်ပုံ-Black Eagle Defence Force
(MMU))