ဝိုင်းမော်မှစစ်စခန်းတစ်ခု KIA၊ KPDFသိမ်းပိုက် ■ဗန်း​မော်တွင်လည်းKIA ထိုးစစ်ဆင်၍တိုက်ပွဲပြင်းထန်

ဝိုင်းမော်မှစစ်စခန်းတစ်ခု KIA၊ KPDFသိမ်းပိုက်
■ဗန်း​မော်တွင်လည်းKIA ထိုးစစ်ဆင်၍တိုက်ပွဲပြင်းထန်
သြဂုတ်-၂၉၊၂၀၂၅။လူအေး၊ထားမြတ်/People’s Spring
ဝိုင်းမော်မြို့နယ်၊လမြန်ရွာအနီး၌ စစ်တပ်နှင့် ပြည်
သူ့စစ်တပ်စွဲထားသော စခန်းတစ်ခုကို KIA၊KPDF က သိမ်းယူလိုက်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံခဲ့​ကြောင်း စစ်​​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။
လမြန်ရွာမှ ဘုရားကျောင်းဝင်းအတွင်း တပ်စွဲထားသည့်စစ်ကြောင်းကို သြဂုတ်လ၂၈ရက်နေ့မှစ၍ KIA၊KPDF က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသြဂုတ်လ၂၉ရက်ညနေတွင် သိမ်းယူလိုက်ခြင်းဟုသိရသည်။
“မနေ့ကရောဒီနေ့ရောလေကြောင်းကနေတောက်
လျှောက်လာကြဲတယ်။ မပခ (​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)ကနေလည်းလက်နက်ကြီးတွေပစ်တယ်။ ဒီနေ့တော့စခန်းသိမ်းလိုက်တာဟုတ်တယ်။ စကစက လကနက်ကြီးတွေ အခုထိ ပစ်နေတယ်”
ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကယနေ့ည ၉နာရီခန့်တွင် ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်တွင်ထိခိုက်သေ
ဆုံးမှုများပြားခဲ့ပြီး စစ်သုံ့ပန်းများရော လက်နက်ခဲယမ်းများပါ KIA၊KPDF ပူးပေါင်းတပ်ကသိမ်း
ဆည်းရရှိခဲ့သည်ဟုသိရသည်။ KIAက သတင်းအသေးစိတ်မထုတ်ပြန်သေးသော်လည်း စစ်ကောင်စီအရာရှိအပါအဝင် ၁၈ ထက်မနည်း ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြော
သည်။ ၁၈ဦးသည် စစ်သုံ့ပန်း(သို့မဟုတ်) ရုပ်အလောင်းဆိုသည်ကို တိတိကျကျမသိရသေးပေ။
အခြားကချင်သတင်းရင်းမြစ်တဦးကလည်း”သုံးရက်တိုက်ပွဲအတွင်း ၀ိုင်းမော်ဘက် စခ အရှင် ၈ ကောင် ဖမ်းမိထားတယ်။လက်နက်တွေလည်းရ
ထားတယ်”ဟုပြောသည်။
တိုက်ပွဲများအတွင်း KIA၊ KPDF ရဲဘော်သုံးဦးကျဆုံးခဲ့ကာ ငါးဦးဒဏ်ရာရခဲ့ကြောင်းလည်းသတင်း
ရရှိသည်။
အခြားသတင်းရင်းမြစ်တဦးကလည်း လမြန်ရွာ၌ စစ်တပ်နှင့် ပြည်သူ့စစ်တပ်စွဲထားသည့် ဘုရားကျောင်းနေရာအား ဩဂုတ် ၂၇ရက်တွင် KIA ဘက်က သိမ်းနိုင်ခဲ့ပြီး ဩဂုတ် ၂၉ရက်တွင်ဘုရားကျောင်းအနီး လမ်းဆုံအား စစ်တပ်က လက်နက်
ကြီး၊လေကြောင်း ပစ်ကူများ အကြားမှ သိမ်းပိုက်ခဲ့သည်ဟု အသိပေးထားသည်။ စစ်ကောင်စီတပ်ထံမှ လက်နက်များ ရရှိခဲ့ပြီး လက်နက်ချသူများလည်းရှိဟု​ဖော်ပြထားသည်။
လမြန်ရွာသည် KIAနှင့် PDFများ ထိန်းချုပ်ထားသည့်ရွာဖြစ်ပြီး ယခု သိမ်းပိုက်လိုက်သည့် စခန်းနေရာတွင် စစ်‌တပ်က ပြီးခဲ့သည့်ဇွန်လမှစတင်၍ အင်အားအများအပြားဖြင့် စစ်​ကြောင်းထိုး၍တပ်စွဲခဲ့ခြင်းဖြစ်သည်။ လမြန်ရွာပတ်ဝန်းကျင်တွင် KIA နှင့် KPDF တပ်စွဲထားသည့်နေရာများကို မကြာခဏဆိုသလို လက်နက်ကြီး၊ လေကြောင်းတို့မှ ပစ်ခတ်ခဲ့သည်။
ထို့အပြင် စစ်တပ်ကဝိုင်းမော်မြို့၊ခလရ(၅၈)တွင်လည်းတင့်ကားများလည်း အသင့်ပြင်ဆင်ထားခဲ့သည်။ဝိုင်းမော်တွင် မြေပြင်တိုက်ပွဲငြိမ်သတ်နေရာမှ စစ်ကောင်စီ စစ်ကြောင်းပြန်လည်ဝင်ရောက်
လာ၍ KIAနှင့် KPDF က မြေပြင်ထိုးစစ်ဖော်ဆောင်ခြင်းဟုစစ်ရေးသတင်းရင်းမြစ်ကပြော
သည်။
ဧရာဝတီမြစ်ကူးတံတားခြားလျက် မြို့ချင်းဆက်နေသော မြစ်ကြီးနားနှင့်ဝိုင်း မော်မြို့တွင် ယခုရက်
ပိုင်း၌ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ်လာပြီး မပခ မှနေ၍ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများကပြော
သည်။
ဩဂုတ်လ၂၄ရက်ညက စစ်တပ်ကလက်နက်ကြီး
များပစ်ခတ်စဉ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အ
တွင်းရှိနေအိမ်တစ်လုံးပေါ်သို့ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။
ယခုလပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)နှင့် စစ်ကောင်စီတို့သည် ဗန်း‌မော်နှင့်
ဖားကန့်မြို့နယ်၌လည်း တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံး
ပြုတိုက်ခိုက်နေသည်။
ထိုအပြင်ကချင်ပြည်နယ် ဗန်းမော်မြို့တွင်လည်းဩဂုတ် ၂၉ရက်တွင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
“ညနေ ၄နာရီကနေ ဗန်းမော်ဘက် တိုက်ပွဲပြင်း
ထန်နေတယ်။ အခုထိ။ ငါတို့ထိုးစစ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်ကပြောကြားသည်။
KIA ပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာမှစ၍မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် ဗန်းမော်တွင် ဩဂုတ် နောက်ဆုံးပတ်၌ တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေး ဌာနက အသိပေးထားသည်။
(ရှေ့တန်း တ​နေရာမှKIA၊KPDF တပ်ဖွဲ့ဝင်များ(ပုံ​ဟောင်းဖြစ်ပါသည်)။ ။ဓာတ်ပုံ-Sirinda)