မုံရွာ – မန္တလေး လမ်းပေါ် တိုက်ပွဲဖြစ်၊ စစ်အုပ်စုက ခရီးသွားတွေကို လူသားဒိုင်းကာသုံး တိုက်ခိုက်လို့ ခရီးသွားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရ၊

မုံရွာ – မန္တလေး လမ်းပေါ် တိုက်ပွဲဖြစ်၊ စစ်အုပ်စုက ခရီးသွားတွေကို လူသားဒိုင်းကာသုံး တိုက်ခိုက်လို့ ခရီးသွားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရ၊
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ မန္တလေးမြို့ကို ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်တစ်စီး ဩဂုတ်လ ၂၂ ရက်နေ့မှာ တိုက်ပွဲအတွင်း ပိတ်မိကာ ပစ်ခတ်ခံရတာကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်အတွင်းမှာ စစ်အုပ်စုက ခရီးသည်ကားတွေကို လူသားဒိုင်းကာအဖြစ် အသုံးချတိုက်ခိုက်ခဲ့တာကြောင့် ယာဉ်မောင်းဖြစ်သူ ဦးသန်းဌေးလင်း ထိမှန်သေဆုံးခဲ့ကာ နောက်ထပ်ခရီးသည်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာ – မန္တလေး လမ်းပေါ် တိုက်ပွဲဖြစ်၊ စစ်အုပ်စုက ခရီးသွားတွေကို လူသားဒိုင်းကာသုံး တိုက်ခိုက်လို့ ခရီးသွားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရ၊

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ မန္တလေးမြို့ကို ထွက်ခွာလာတဲ့ ခရီးသည်တင်ယယာဉ်တစ်စီး ဩဂုတ်လ ၂၂ ရက်နေ့မှာ တိုက်ပွဲအတွင်း ပိတ်မိကာ ပစ်ခတ်ခံရတာကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးသန်းဌေးလင်း ထိမှန်သေဆုံးခဲ့ကာ နောက်ထပ်ခရီးသည်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကားပေါ်မှာ ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး၊ ခရီးသွားအမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ လိုက်ပါစီးနင်းလာပြီး ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနဲ့ ဂွေးပင်တောကျေးရွာအကြားမှာ ပစ်ခတ်မှု ကြုံရတာလို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် ရွှေမြန်မာယဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူ ဦးသန်းဌေးလင်း နေရာမှာတင် သေဆုံးကာ ဒဏ်ရာရသူတစ်ဦးကိုတော့ ဆေးကုသမှု ပေးနေတယ်လို့ အဲဒီအခြေအနေကို သိသူတစ်ဦးက ပြောပါတယ်။
“ဒဏ်ရာရတဲ့ သူကို ချောင်းဦးဆေးရုံ ပို့လိုက်တယ်။ ကျန်ခရီးသည်တွေကိုတော့ လိုင်းကားအချင်းချင်းပဲ အထုတ်တွေရွှေ့ပြီး ပြန်ခေါ်သွားကြတယ်။ စစ်အုပ်စုကတော့ ပစ်ခတ်မှု ဖြစ်ပြီးမှ ရောက်လာပြီး ဓာတ်ပုံရိုက်တယ်”
စစ်အုပ်စုကို အားပေးထောက်ခံကြတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူတွေ သေဆုံးခဲ့ရတာလို့ ရေးသားနေကြတာ ဖြစ်ပါတယ်။