
ရန်ကုန်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပြီး ယမန်နေ့ညပိုင်းကလည်း ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့
ရန်ကုန်၊ ဩဂုတ် ၂၁
ရန်ကုန်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပြီး ယမန်နေ့ညပိုင်းကလည်း ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။
ယနေ့ သြဂုတ်လ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၂၈ မိနစ်အချိန် ရန်ကုန်တိုင်း၊ သုံးခွမြို့၏တောင် – အရှေ့တောင်ဘက် ၆၆ ကီလိုမီတာအကွာ၊ မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
“ဒီမနက် ၉ နာရီခွဲ ငလျင်က သိသာတယ်။ ယိမ်းထိုးသွားတယ်။ အချိန်တော့ မကြာလိုက်ဘူး။ တော်တော်ကို သိသိသာသာခံစားရပါတယ်” ဟု ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သော ပြည်သူတစ်ဦးကလည်း ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတချို့ အထပ်မြင့်တိုက်တာများပေါ်မှ ပြေးဆင်းခဲ့ရသည်ဟုဆိုသည်။
“သု၀ဏ္ဏဘက်မှာ သိတဲ့သူတွေက ငလျင်လှုပ်တယ်ဆိုပြီး အော်ပြေးဆင်းတယ်။ တချို့တွေကလည်း မသိလိုက်ဘူး။ ခေါင်းပါမူးတယ်” ဟု သု၀ဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်တွင်နေထိုင်သူ ပြည်သူက ဆိုသည်။
ယမန်နေ့ ည ၇ နာရီ ၁၆ မိနစ်အချိန်ကလည်း ရန်ကုန်မြို့အနီး မြန်မာ့ ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
“မနေ့ညက လှုပ်တာတော့ မသိလိုက်ဘူး။ အခုမနက်တော့ သိလိုက်တယ်။ ” ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းမှ ပြည်သူတစ်ဦးက ရှင်းပြသည်။
ရန်ကုန်မြို့တွင်ငလျင်ထပ်လှုပ်ပြန်
■မြန်မာ့ကမ်းရိုးတန်းအနီး ငလျင်ငယ်များတောက်လျောက်လှုပ်နေသည်ကိုသတိပြုရန် MOHADM သတိပေးထား
သြဂုတ်-၂၁၊၂၀၂၅။အိမ်သွင်/People’s Spring
မြန်မာ့ကမ်းရိုးတန်းအနီး ငလျင်လှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်နေပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့အ
နီးကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၄ အဆင့်မြေငလျင်လှုပ်သည့်ကို ရန်ကုန်တွင်လည်း ခံစားလိုက်ရသည်။
အထက်ပါ ငလျင်သည် ဩဂုတ်လ ၂၁ရက် နံနက် ၉နာရီ ၂၈မိနစ်ခန့်တွင် လှုပ်ရှားခြင်းဖြစ်သည်
ဟု ထိုင်းမိုးလေဝသဌာနကထုတ်ပြန်သည်။
ရန်ကုန်မြို့တွင် တာမွေ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာတောင်ညွန့်၊ တောင်ဒဂုံ၊ကမာရွတ်၊ လှိုင်နှင့်စမ်းချောင်းမြို့နယ်တို့တွင်လည်း သိသိသာသာခံစားလိုက်ရသည်။
ရန်ကုန်တိုင်း၊ သုံးခွမြို့၏တောင် – အရှေ့တောင်ဘက် ၆၆ ကီလိုမီတာအကွာ၊မြန်မာနိုင်ငံတောင်ဘက်၊ကမ်းရိုးတန်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ဒဿမ ၇ အဆင့်ဖြင့် ငလျင်လှုပ်ရှားသွားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။
မြေငလျင်တိုင်းတာစက်များကအသုံးပြုသည့် စကေးနှင့်တိုင်းတာသည့်နည်းလမ်းတို့အပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်း
ငယ်ကွာခြားမှုရှိနိုင်ပါသည်ဟုလည်းဖော်ပြထားသည်။
“ရန်ကုန်နားမှာငလျင်တွေခဏခဏ လှုပ်နေတယ်။ ညကတစ်ချက်ပဲ။အခုကကျတိုက်ကခါသွားတယ်
ကြောက်တယ်။နေရထိုင်ရတာ”ဟု၆ထပ်အ
ဆောက်အအုံ၌ နေထိုင်သော တာမွေမြို့နယ်မှဒေသခံတစ်ဦးကပြောသည်။
ရန်ကန်၊ ဧရာဝတီတိုင်းတို့နှင့်ဆက်စပ်နေသော မြန်မာ့ကမ်းရိုးတန်းအနီးတွင်သြဂုတ် ၂၀ ရက်ညမှစ၍ ရစ်ခ်တာစကေး ၄ဒဿမ၂မှ ၅ဒဿမ၄ကြား ငလျင် လေးကြိမ် လှုပ်ရှားခဲ့သည်။ ရန်ကုန်တိုင်း သုံးခွမြို့အနီးတွင် သုံးကြိမ်၊ ဧရာဝတီတိုင်း ဒေးဒရဲမြို့အနီးတွင် တစ်ကြိမ် လှုပ်ရှားခဲ့သည်။
“မြန်မာ့ကမ်းရိုးတန်းအနီးတွင်ငလျင်ငယ်များတောက်လျောက်လှုပ်ခတ်နေသည်ကိုသတိပြုသင့်ပါသည်” ဟု MOHADMက သတိပေးထားသည်။
ရန်ကုန်မြို့သည် ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များကြောင့် ငလျင်လှုပ်နိုင်သလို ဒေးဒရဲ ပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သည်။ ပဲခူးမြို့ကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်းရန်ကုန်မြို့တွင်ငလျင်
လှုပ်စေသည်။ ထိုအပြင် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်သော ထိုးစိုက်ဇုန် လှုပ်ပါကလည်း ရန်ကုန်တွင် သက်ရောက်မှုရှိစေသည်။
(ရန်ကုန်မြို့ကိုအပေါ်စီးမှတွေ့ရစဥ်။
ဓါတ်ပုံ-GNLOM)