
ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အကြားတွင် စစ်ယာဉ်တန်းကိုတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၁၀
ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အကြားတွင် စစ်ယာဉ်တန်းကိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကြောင်း နဂါးဖြူတပ်ရင်းတပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့ ရန်ကုန်-မော်လမြိုင် ကားလမ်း ကျိုက်ထိုဘီးလင်းမြို့ကြား ဝင်းမတုံကုန်းဆင်းဆီဆိုင် နှင့် သင်္ချိုင်းကုန်းကြားသို့ မောင်းနှင်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းယာဉ်တန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှစစ်သား ၈ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
အထိနာသွားသော စစ်တပ်ယာဉ်တန်းက ပြည်သူများနေထိုင်ရာ နေရာများကို ဦးတည် တန်ပြန်ပစ်ခတ်ခဲ့ရာ ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်များ၊ နဂါးဖြူတပ်ရင်း တပ်ခွဲ-၂ ၊ ၇၈၀၅ တပ်ခွဲ – ၄ အပါအဝင် တော်လှန် ရေးအင်အားစုများ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။