မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုတွင် ယာယီသမ္မတအဖြစ် ပါဝင်ဆောင် ရွက်ခဲ့သူ မြင့်ဆွေ သေပြီဟုဆို၊ စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက မသေသေးဟု ငြင်းချက်ထုတ်ပြန်

မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုတွင် ယာယီသမ္မတအဖြစ် ပါဝင်ဆောင် ရွက်ခဲ့သူ မြင့်ဆွေ သေပြီဟုဆို၊ စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက မသေသေးဟု ငြင်းချက်ထုတ်ပြန်
ရန်ကုန်၊ ဩဂုတ် ၆
မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုတွင် ယာယီသမ္မတအဖြစ် ပါဝင်ဆောင် ရွက်ခဲ့သူ မြင့်ဆွေမှာ ယနေ့ သေဆုံးသွားပြီဖြစ်ကြောင်း News of Myanmar (NOM) တယ်လီဂရန် ချန်နယ်အပါအဝင် စစ်တပ်၏ တယ်လီဂရန်ချန်နယ်များက ယနေ့ မွန်းလွဲပိုင်း တစ်ပြိုင်နက်တည်းသတင်းထုတ်ပြန်သည်။
ယနေ့ ဩဂုတ်လ ၆ ရက်နေ့ နံနက် ၃ နာရီအချိန် အမှတ် ၂ စစ်ဆေးရုံကြီး ကုတင် ၁၀၀၀တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း News of Myanmar (NOM) တယ်လီဂရန် ချန်နယ်အပါအဝင် စစ်တပ်၏ တယ်လီဂရန်ချန်နယ်များက တစ် ပြိုင်နက်တည်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အကြမ်းဖက် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက မြင့်ဆွေ မသေသေးဘဲ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း ငြင်းဆိုလာပြန်သည်။
မြင့်ဆွေသည် ၂၀၂၃ ခုနှစ်မှစတင်၍ လှုပ်ရှားရာတွင် တုံ့နှေးခြင်း၊ အစာ အာ ဟာရ စားသုံးနိုင်မှု နည်းပါးလာခြင်း၊ ပါကင်ဆင်အာရုံကြောအားနည်းရောဂါ ခံစားခဲ့ရကြောင်း၊ ယင်းနောက် ၂၀၂၄ ခုနှစ် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ စစ် ဆေးရုံတွင် ကုသမှုခံယူခဲ့ကြောင်း၊ စစ်တပ်က မြင့်ဆွေကျန်းမာရေးအတွက် အနီးကပ် နေအိမ်တွင် ဆေးကုသမှုပေးခဲ့ကြောင်း ၊ မြင့်ဆွေသည် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းခြင်းတို့ကြောင့် ဇူလိုင် လ ၂၄ ရက်နေ့ အမှတ် ၂ စစ်ဆေးရုံတွင် ထပ်မံ ဆေးကုသမှု ခံယူခဲ့သည်။
မြင့်ဆွေသည် လက်ရှိ အသက် ၇၄ နှစ်ရှိနေပြီဖြစ်ပြီး စစ်တပ်တွင် ဒုတိ ယ ဗိုလ် ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ စစ်အာဏာရှင် သန်းရွှေ၏ လူ ယုံ တစ်ဦးလည်းဖြစ်သည်။
မြင့်ဆွေသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက် နေ့ မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး NLD အစိုးရ လက်ထက် ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်သော ဒုတိယသမ္မတတစ်ဦးဖြစ်လာခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီးနောက် မြင့်ဆွေမှာ မင်းအောင်လှိုင်၏ ရုပ်သေး ရုပ် ယာယီသမ္မတဖြစ်လာခဲ့သည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ်အတွင်း နေပြည်တော်တွင် မင်းအောင်လှိုင်၏ ဘုရားဆင်း တု ပြီးစီးမှု အခမ်းအနားသို့ တက်ရောက်ခဲ့သော မြင့်ဆွေ။
(သတင်းကို ပြန်လည် ပြင်ဆင်တည်းဖြတ်ထားပါသည်။)