သပိတ်ကျင်းမြို့နယ်တွင် ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော ၁၇ စီးကို ပိတ်ဆို့တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး သင်္ဘော ၂ စီးပျက်စီး (ရုပ်/သံ)

သပိတ်ကျင်းမြို့နယ်တွင် ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော ၁၇ စီးကို ပိတ်ဆို့တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး သင်္ဘော ၂ စီးပျက်စီး (ရုပ်/သံ)
ရန်ကုန်၊ ဇူလိုင် ၃၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော ၁၇ စီးကို ပိတ်ဆို့တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး သင်္ဘော ၂ စီးပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဇူလိုင်လ အတွင်း မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော ၁၇ စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးတိုင်း စစ်ဌာန ကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင်စစ်ဌာန ကွပ်ကဲမှုဖြင့် သပိတ်ကျင်းမြို့နယ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များက ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးကာ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သင်္ဘော ၁ စီး ပျက်စီး မီးလောင်ကာ ၁ စီးမှာ နစ်မြုပ်ခဲ့ကြောင်း၊ ထို့ပြင် သင်္ဘော ၂ စီးမှာလည်း ဆက်လက်မောင်းနှင်နိုင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။
အဆိုပါ စစ်သင်္ဘော ၁၇ စီးကို မန္တလေးတိုင်း စစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင်စစ်ဌာန ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (၅၀၉) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်တပ်ရင်းများ၊ မိုးကုတ်ဗျုဟာ၊ သပိတ်ကျင်းတိုက်နယ်(ပကဖ)၊ မြိုင်မြို့နယ်(ပကဖ)၊ မန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့ နှင့် မဟာမိတ်တပ်များက ဧရာဝတီ ပူးပေါင်းစစ်ကြောင်းအဖြစ် စစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။