ကျောက်တော်မြို ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်တိုအား လေကြောင်းတိုက်ခိုက်ခံရမှု နောက်ဆက်တွဲသတင်း

ကျောက်တော်မြို ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်တိုအား လေကြောင်းတိုက်ခိုက်ခံရမှု နောက်ဆက်တွဲသတင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်

အာရက္ခပြည်၊ ကျောက်တော်မြို၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်တိုအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ အကြမ်းဖက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူသေဆုံးမှုမှာ လက်ရှိအချိန်၌ (၃၃) ဦးခန့်ရှိလာပြီး နောက်ထပ် ထိခိုက်ဒဏ်ရာရရှိသူ (၃၆) ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

သေဆုံးသည့်အရေအတွက်မှာ နောက်ထပ်လည်းတိုးလာနိုင်ခြေရှိသည်။

အာရက္ခဒေသအတွင်း ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းအကြမ်းဖက်တိုက်ခိုက်သော ဖြစ်စဉ်များထဲတွင် မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရမှုနောက် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုဖြစ်သည်။

#AAInfoDesk