ဗင်နီဇွဲလားနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၅ နှင့် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီး ၂ ခု ဆက်တိုက်လှုပ်ခတ်သဖြင့် အဆောက်အအုံများစွာ ပြိုကျပျက်စီးပြီး လူသေဆုံးထိခိုက်မှုများပြားနိုင်

ဗင်နီဇွဲလားနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၅ နှင့် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီး ၂ ခု ဆက်တိုက်လှုပ်ခတ်သဖြင့် အဆောက်အအုံများစွာ ပြိုကျပျက်စီးပြီး လူသေဆုံးထိခိုက်မှုများပြားနိုင်

ရန်ကုန်၊ ဇွန် ၂၅

ဗင်နီဇွဲလားနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၅ နှင့် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီးနှစ်ခု ဆက်တိုက်လှုပ်ခတ်သဖြင့် အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးထိခိုက်မှုများပြားနိုင်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။
ဇွန်လ ၂၄ ရက်နေ့ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ပြင်းအားပြင်းထန်သည့် ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့ရာ မြို့တော် ကာရာကပ်စ်ရှိ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး ဒေသခံပြည်သူများ ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ၏ ထုတ်ပြန်ချက်အရ ပထမအကြိမ် လှုပ်ခတ်ခဲ့သော ငလျင်သည် ပြင်းအား ၇ ဒသမ ၂ ရှိပြီး ငလျင်ဗဟိုချက်မှာ မြို့တော် ကာရာကပ်စ်၏ အနောက်ဘက် ၁၆၈ ကီလိုမီတာ (၁၀၄ မိုင်) အကွာရှိ ကာရစ်ဘီယံကမ်းရိုးတန်းအနီး မိုရွန် (Morón) မြို့၏ အနောက်ဘက်တွင် တည်ရှိကြောင်း သိရသည်။ အဆိုပါငလျင်သည် မြေအောက်အနက် ၂၂ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် တစ်မိနစ်ခန့်အကြာတွင် ပိုမိုပြင်းထန်သည့် ပြင်းအား ၇ ဒသမ ၅ ရှိသော ဒုတိယအကြိမ် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း USGS က ဆိုသည်။ ဒုတိယငလျင်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြုခဲ့ပြီး ဗဟိုချက်မှာ မိုရွန်မြို့၏ အနောက်တောင်ဘက် ၁၆ ကီလိုမီတာ (၁၀ မိုင်) အကွာတွင် ဖြစ်သည်။ အဆိုပါ ငလျင်နှစ်ခုသည် ဗင်နီဇွဲလားနိုင်ငံတွင် နှစ်ပေါင်းတစ်ရာကျော်အတွင်း လှုပ်ခတ်ခဲ့သမျှ ငလျင်များအနက် အပြင်းထန်ဆုံးစာရင်းတွင် ပါဝင်ခဲ့သည်။
ငလျင်သည် ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်မှုကြောင့် မြို့တော် ကာရာကပ်စ်ရှိ ယိမ်းထိုးနေသော အဆောက်အအုံများအတွင်းမှ ပြည်သူများသည် အပြင်သို့ အလုအယက် စွန့်ခွာထွက်ပြေးခဲ့ကြရပြီး လမ်းမများပေါ်တွင်သာ ဆက်လက်နေထိုင်ခဲ့ကြသည်။
နေအိမ်အဆောက်အအုံများ၏ နံရံတစ်ခုလုံး ပြိုကျပျက်စီးသွားသဖြင့် လမ်းမပေါ်မှနေ၍ အိမ်တွင်းရှိ ပရိဘောဂများကို လှမ်းမြင်နေရသည့် မြင်ကွင်းများကြောင့် ဒေသခံအများအပြားမှာ အလွန်တုန်လှုပ်ခဲ့ကြသည်။ စားသောက်ဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများဖြင့် ပုံမှန်စည်ကားလေ့ရှိသော မြို့တော်ရှိ ရပ်ကွက်နှစ်ခုတွင်လည်း ဖုန်မှုန့်လုံးကြီးများ လွင့်ပျံတက်လာသည်ကို မြင်တွေ့ခဲ့ရသည်။
လက်ရှိအချိန်အထိ ပြည်သူများသည် လမ်းမများပေါ်တွင်သာ ဆက်လက်ရှိနေကြပြီး အချို့မှာ ဘေးပတ်ဝန်းကျင်တွင် ဖုန်မှုန့်များ ဝေမှောင်နေသည့်ကြားကပင် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို ပွေ့ဖက်လျက် မြေပြင်ပေါ်တွင် ထိုင်နေခဲ့ကြသည်။
“ပထမတော့ အသာလေးပဲ လှုပ်တာ၊ အဲဒီကနေ တဖြည်းဖြည်း ပြင်းလာပြီး နောက်ဆုံးကျတော့ အိမ်ထဲကနေ အကုန်ထွက်ပြေးပြီး လမ်းပေါ်မှာပဲ စုနေလိုက်ရတယ်” ဟု ကာရာကပ်စ်မြို့ခံ ဟက်တာ ရစ်ချီ (Hector Ricci) က ပြောကြားခဲ့သည်။
ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒီယိုစဒါဒို ကာဘယ်လို (Diosdado Cabello) က အဆိုပါ ငလျင်လှုပ်ခတ်မှုကို ပြည်နယ်အတော်များများတွင် ခံစားခဲ့ရကြောင်း ပြောကြားသည်။ မြို့တော် ကာရာကပ်စ်ရှိ အယ်လ်တာမီရာ (Altamira) ရပ်ကွက်တွင် နေအိမ်များနှင့် အဆောက်အအုံများ ပြိုကျပျက်စီးမှုကြောင့် “စိုးရိမ်ဖွယ်ရာ အခြေအနေများ” ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ငလျင်ကြောင့် လူထိခိုက်ဒဏ်ရာရမှုများ ရှိနိုင်ကြောင်း ညွှန်ပြခဲ့ပြီး လူနာတင်ယာဉ်များနှင့် အခြားအရေးပေါ် ကယ်ဆယ်ရေးယာဉ်များကို လမ်းဖယ်ပေးကြရန် မော်တော်ယာဉ်မောင်းနှင်သူများကို မေတ္တာရပ်ခံထားသည်။
“အချို့သူတွေ စိုးရိမ်သောကရောက်ပြီး စိတ်ပျက်အားငယ်နေကြမယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အကူအညီလိုအပ်နေသူတွေကို အမြန်ဆုံး ကူညီကယ်ဆယ်နိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပါပြီ” ဟု ကာဘယ်လိုက နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
“ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို အထူးဂရုစိုက်ကြပါ။ တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်မေးမြန်းပြီး ဘယ်သူမှ ထိခိုက်ဒဏ်ရာမရအောင် အချင်းချင်း စောင့်ရှောက်ကြပါ” ဟု ၎င်းက နှိုးဆော်ထားသည်။
ထို့အပြင် နောက်ဆက်တွဲငလျင်များ (Aftershocks) ကြောင့် ပျက်စီးလွယ်နေသော အဆောက်အအုံတည်ဆောက်ပုံများကို ပိုမိုထိခိုက်စေနိုင်သဖြင့် ပြည်သူများအနေဖြင့် အဆောက်အအုံပြင်ပတွင်သာ ဆက်လက်နေထိုင်ကြရန် ၎င်းက တိုက်တွန်းထားသည်။
“အဆောက်အအုံကြီးက ဘေးဘယ်ညာကို တကယ်လှုပ်ခါသွားတာ။ မယုံနိုင်စရာပဲ။ ငလျင်အားက အင်မတန် ပြင်းထန်လွန်းတယ်။ ကျွန်တော်တို့ လမ်းလျှောက်နေတုန်း လွှင့်ပစ်သလို ခံစားရတယ်။ အခန်းထဲက ပစ္စည်းတွေအကုန်လုံးလည်း ပြုတ်ကျကုန်တယ်။ တော်သေးတာက ကျွန်တော်တို့ အပြင်ကို အချိန်မီ ထွက်ပြေးနိုင်ခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်” ဟု ကာရာကပ်စ်မြို့ခံ ရိုဘာတို ဂါးမတ်စ် (Roberto Gamas) က ပြောသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် အမေရိကန် ပစိဖိတ်ဆူနာမီသတိပေးစင်တာက ဗာဂျင်ကျွန်းစု (Virgin Islands) အတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဒိုမီနီကန်သမ္မတနိုင်ငံ အာဏာပိုင်များကလည်း ၎င်းတို့၏ ကျွန်းအတွက် ဆူနာမီသတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သော်လည်း ပေါ်တိုရီကို (Puerto Rico) ကျွန်းအတွက် ထုတ်ပြန်ခဲ့သည့် သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံတွင် ပြင်းအားပြင်းထန်သည့် ငလျင်များ လှုပ်ခတ်လေ့ရှိခြင်းမှာ ပုံမှန်မဟုတ်ဘဲ အလွန်ရှားပါးသော ဖြစ်စဉ်တစ်ခုဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံသည် ပြတ်ရွေ့ကြော (Fault Lines) အများအပြားအနီးတွင် တည်ရှိသော်လည်း တောင်အမေရိကနှင့် ကာရစ်ဘီယံ ကျောက်ချပ်လွှာကြီးနှစ်ခု (Tectonic Plates) စပ်ကြားတွင် တည်ရှိနေခြင်းကြောင့် အခြားလက်တင်အမေရိကနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ငလျင်လှုပ်ခတ်မှု အလွန်နည်းပါးလေ့ရှိသည်။
ဥပမာအားဖြင့် ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်ရှိ မက္ကဆီကိုနှင့် ချီလီနိုင်ငံတို့တွင် ငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိပြီး အဆိုပါနိုင်ငံများသည် ကမ္ဘာ့ငလျင်များ၏ ၉၀ ရာခိုင်နှုန်းခန့် ဖြစ်ပွားရာဒေသဖြစ်သည့် “ပစိဖိတ် မီးကွင်းဂဟေ” (Pacific Ring of Fire) ဟု လူသိများသော ကမ္ဘာ့မြေငလျင်ဇုန်အတွင်း တည်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း USGS ၏ အချက်အလက်များအရ သိရသည်။
A building has collapsed in Caracas, Venezuela after a 7.1 magnitude earthquake.
Venezuela after a 7.1 magnitude earthquake.
#Updateinfo 🌍