ဆိုက်ဘာခြိမ်းခြောက်မှုနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက်လုပ်ငန်းတွေ တိုက်ဖျက်ဖို့FBIနဲ့ပိုမို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းဝန်

ဆိုက်ဘာခြိမ်းခြောက်မှုနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက်လုပ်ငန်းတွေ တိုက်ဖျက်ဖို့FBIနဲ့ပိုမို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းဝန်
ကြီးချုပ်ပြော
ဇွန်-၁၂၊၂၀၂၆။People’s Spring
ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်
လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ထိုင်းအစိုးရဟာ FBI၊ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်မှုတွေ ပိုမို ချဲ့ထွင်သွားမယ်လို့ ထပ်လောင်း ကတိပြုခဲ့ပါတယ်။
အနူတင်ဟာ ဇွန်လ ၁၀ ရက်နေ့တုန်းက FBIရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုရဲ့ စီစဉ်သူတွေကို အစိုးရအိမ်တော်မှာ ဖိတ်ကြား တွေ့ဆုံခဲ့ပါတယ်။အဲဒီအစီအစဉ်ဟာနိုင်ငံတ
ကာ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းတွေကထိုင်းနိုင်ငံမှာယုံယုံကြည်ကြည် အခြေစိုက် လုပ်ငန်းဆောင်ရွက်မှု၊ ထိုင်းနဲ့ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး ယူနစ်တွေကြားက နက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ထင်ဟပ်စေခဲ့ကြောင်းအနူတင်ကဆိုပါတယ်။
ခေတ်သစ်လုံခြုံရေးခြိမ်းခြောက်မှုတွေဟာ ပိုမိုရှုပ်ထွေးလာသလို နိုင်ငံတွေရဲ့နယ်နိမိတ် ပိုင်းခြားမှုတွေကိုလည်းကျော်လွှားလာကြကြောင်း၊ အထူးသဖြင့်ဆိုက်ဘာရာဇဝတ်မှုတွေ၊ နယ်စပ်ဖြတ်ကျော်ဒုစရိုက် လုပ်ငန်းတွေဟာ အဆင့်မြင့် နည်းပညာတွေကို အကြီးအ
ကျယ်မှီခိုအသုံးပြုလာနေကြောင်းလည်း သူ
က ဆက်ပြောပါတယ်။
ထိုင်းအစိုးရဟာ FBI၊တခြားနိုင်ငံတကာမိတ်ဖက်တွေနဲ့ ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမို ကောင်းမွန်အောင် ကြိုးစားနေသလို နည်းပညာစွမ်းဆောင်ရည်ပိုင်းမြှင့်တင်ဖို့၊
တဦးချင်း ကျွမ်းကျင်မှုနဲ့ ထောက်လှမ်းရေး အချက်အလက် ဝေမျှမှု ကွန်ရက်တွေမှာ ပိုမို ထိရောက်အောင် ဆောင်ရွက်ဖို့လည်း ကြိုး
စားနေကြောင်းသူကဆိုပါတယ်။
သူကဆင့်ကဲပြောင်းလဲလာတဲ့ခြိမ်းခြောက်မှု ပုံစံတွေကိုကိုင်တွယ်ဖို့အတွက်ထိုင်းနိုင်ငံဟာ လူသားအရင်းအမြစ်မြှင့်တင်ရေး၊ နည်းပညာနဲ့ အသိပညာဝေမျှရေး၊နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်နိုင်ရေးတွေမှာအထူးအာရုံစိုက်ထားမယ်လို့လည်းကတိပြုသွားပါတယ်။
အဲဒီလို ပူးပေါင်း ဆောင်ရွက်မှုတွေက ပြည်သူ့လုံခြုံရေး၊ဘေးကင်းမှုနဲ့ဘဝနေထိုင်မှု တိုး
တက်ရေး ကဏ္ဍတွေမှာ အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့လည်း အနူတင်က မှတ်ချက်ပေးသွားပါတယ်။
ကိုးကား-Bangkok Post