စစ်တွေ၊ ရွှေမင်းဂံရေတပ် နဲ့ ဒကစဌာနချုပ်ကို AA အရှိန်မြှင့်ထိုးစစ်ဆင်

စစ်တွေ၊ ရွှေမင်းဂံရေတပ် နဲ့ ဒကစဌာနချုပ်ကို
AA အရှိန်မြှင့်ထိုးစစ်ဆင်
ဇွန်-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်
စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ – စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒကစ(စစ်တွေ)နဲ့ အနီးဆုံးမှာရှိတဲ့ ကျားမသောက်၊ တောကန်နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်ရှိ အာ
ဏာသိမ်းစစ် တပ်စခန်းတွေကို မြေပြင်ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲ​တွေပြင်းထန်နေပါတယ်။ ကံ့ကော်ကျွန်းစခန်း ဟာ ဒကစဌာနချုပ်နဲ့ နှစ်မိုင်ဝန်းကျင်ပဲကွာဝေးပြီး တောကန်ကတော့ ကျားမသောက်တပ်ရင်း နဲ့ မိုင်ဝက်ဝန်းကျင် သာ ကွာဝေးပါတယ်။
“ဒကစ ဌာနချုပ်နဲ့ နာရီကန်၊ ကျားမသောက် စတဲ့တပ်ရင်းတွေကို ပတ်လည်ကတိုက်နေတာ။ဒီဘက် ကံ့ကော်ကျွန်းကနေ တောကန်၊ သိန်းတန်၊ ကျားမသောက် အဲဒီနားတွေမှာ ဖြစ်နေတာပါ တိုက်ပွဲတွေက။ ရေတပ်နားဆိုရင်တော့ ရွှေမင်းဂံရွာနားမှာ ဖြစ်နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေဖြစ်နေသလို အဝေးပစ်လက်
နက်ကြီးတွေနဲ့လည်း ဒကစဌာနချုပ်နဲ့ တပ်ရင်းတွေကို တိုက်ခိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။
“တပ်ရင်းတွေထဲကို ညတိုင်းပစ်တယ်။ ကျားမသောက်တပ်ရင်းကို လက်နက်ကြီးကျတာ လေးယောက် သေတယ် ကြားတယ်။ အရင်တရက်ကကျလို့ သေတာ။ လက်နက်ကြီးသံတွေကတော့ မကြားရတဲ့ရက်မရှိဘူး။ လက်နက်ငယ် သံကတော့ ဒီရက်ပိုင်းမှာမှ ကြားရတာ”လို့စစ်တွေမြို့ခံတဦးက ပြောပါ တယ်။
တောကန်၊ ကံ့ကော်ကျွန်းအနီးတိုက်ပွဲဖြစ်နေပြီး လက်နက်ငယ်ပစ်ခတ်သံတွေကို ဇွန် ၂ ရင်ညနေနဲ့ ဇွန် ၃ ရက်မနက်အစောပိုင်းက ကြားလိုက်ရတယ်လို့လည်း သူကဆက်​ပြောပါတယ်။
AAဟာကုလားတန်မြစ်အနောက်ဘက်ခြမ်းရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်၊ ဒကစဌာနချုပ်၊ တပ်ရင်းအနီး ဝန်းကျင်တွေမှာ တိုက်ပွဲဖော်နေသလို ရသေ့တောင်မြို့နယ်နဲ့ စစ်တွေမြို့နယ်အစပ် မယူမြစ်အရှေ့ဘက်ခြမ်း ဝါဘို၊ အမြင့်ကျွန်းကျေး
ရွာအနီးဝန်းကျင်တွေမှာလည်း တိုက်ပွဲ​တွေမကြာ
ခဏ ဖြစ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အခုအတိုင်း အင်တိုက်အားတိုက်ဆိုရင် ဒီနှစ်ထဲတောင် စစ်တွေက ပြတ်လောက်တယ်” လို့ စစ်ရေးအခြေအနေတွေကို လေ့လာနေတဲ့ ရခိုင်ဒေသခံလူငယ်တဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာစစ်တွေမြို့ရဲ့ အ
နောက်ဘက်ရှိ ရသေ့တောင်၊ မြောက်ဘက်ရှိ ပုဏ္ဏားကျွန်း၊ အရှေ့ ဘက်ရှိ ပေါက်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
AA ဟာ စစ်တွေ၊ ရွှေမင်းဂံရေတပ်စခန်း၊ ဒကစဌာနချုပ်၊ တပ်ရင်းတွေကို တိုက်ခိုက်နေသလို စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ထဲနဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်၀မှာ ရပ်ထားတဲ့ စစ်သ
င်္ဘောတွေကို လည်း ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ် တိုက်ခိုက်​နေပါတယ်။ AA ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ မေလ ၂၄ ရက်နေ့က စစ် တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ် လို့ ဒေသခံတွေက ပြော
ပါတယ်။
အဲဒီလိုတိုက်ပွဲတွေဖြစ်နေချိန် စစ်တပ်က စစ်တွေမြို့ထဲမှာလည်း ည ကိုးနာရီကနေ မနက် လေးနာရီထိ ညမထွက်ရအမိန့် ထုတ်ထားပြီး ညတိုင်းကင်းလှည့်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ဒါ့အပြင် ခြံစည်းရိုးကာထား တဲ့ ကမ်း
နားလမ်းတလျှောက်မှာလည်း ဘန်ကာတွေအများအပြားဆောက်လုပ်နေပါတယ်။
ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အ တွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစခန်းတွေ သိမ်းယူနေခဲ့တာပါ။ အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။
စစ်တွေမြို့နယ်ရဲ့ အစပ် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့ကို အလုံးစုံထိန်း
ချုပ်ထားတဲ့ AA ဟာ စစ်တွေကို ဝန်းရံပိတ်ဆို့ထားပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး မြေပြင်တိုက်ပွဲပြင်းပြင်းထန်ထန်မရှိပေမယ့် အဝေးပစ် လက်
နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကတော့ နေ့စဉ်ရက်ဆက်ရှိနေပါတယ်။
စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက်တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တစ်ဆယ်ဝန်းကျင်ရှိပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်း
ကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတာမှာ စစ်​တွေ၊​ကျောက်ဖြူ ၊မာန်​အောင်မြို့နယ်သုံးခုမှအပ ကျန် ၁၄ မြို့နယ်စလုံးကို AA ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါ့အပြင် ​ကျောက်ဖြူမြို့နယ် န့ စစ်​တွေမြို့နယ်မှာ အခုလပိုင်းအတွင်း AA ကထိုးစစ်ကို အရှိန်မြှင့်တိုက်ခိုက်လာတာဖြစ်ပါတယ်။
(အာဏာသိမ်းစစ်တပ်ကစစ်တွေမြို့ ကမ်းနားလမ်း ကို ခြံစည်းရိုးခတ်ထားပြီးအသစ် ထပ်ဆောက်ထားတဲ့ ဘန်ကာတစ်ခုကို​တွေ့ရစဥ်။
ဓါတ်ပုံ-​ဒေသခံ)