အမေရိကန်နဲ့ လမ်းပွင့်ဖို့ ဘာတွေလိုမလဲ – BBC News မြန်မာ

အမေရိကန်နဲ့ လမ်းပွင့်ဖို့ ဘာတွေလိုမလဲ – BBC News မြန်မာ

အမေရိကန်သမ္မတ ထရမ့်နဲ့ နီးစပ်သူ ရော်ဂျာစတုန်းကို သူတို့ အတွက် လော်ဘီလုပ်ပေးဖို့ နေပြည်တော်ကနေ ငှားရမ်းထားတယ် ဆိုတဲ့ အချက်ဟာ စစ်အစိုးရ အဖြစ်ကနေ အသွင်ပြောင်း အုပ်ချုပ်ရေး ဖော်ဆောင်လုဆဲဆဲ ကာလတွေမှာပဲ ပေါ်ထွက်ခဲ့ပါတယ်။ ဒီတော့ နေပြည်တော်ကို ချုပ်ကိုင်ထားသူတွေနဲ့ အပြိုင် အိမ်ဖြူတော်နဲ့ ရွှေလမ်းငွေလမ်း ဖောက်နိုင်ရေး ဒီမိုကရက်တစ် အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေ ဆီမှာရော လုံလောက်တဲ့ နည်းနာ ဟန်ပန်နဲ့ စုဖွဲ့မှုတွေ ရှိနေပါသလား။ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့ပြီး၊ လက်ရှိ ငြိမ်းချမ်းရေး ဖက်ဒရယ် ဒီမိုကရေစီ ရေးရာ အင်စတီကျု IPFD ကို ထူထောင် လှုပ်ရှား နေတဲ့ ဒေါက်တာ ဆာဆာကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ဒေါက်တာဆာဆာ #ထရမ့် #အိမ်ဖြူတော်