တစ်နိုင်ငံလုံးအပစ်ရပ်-NCA စာချုပ် လက်မှတ်ရေးထိုးထားသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ် လူထုတွေ့ဆုံပွဲ လုပ်နေစဉ် စစ်တပ်က တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်းခြိမ်းခြောက်
ရန်ကုန်၊ မေ ၂၈




အကြမ်းဖက်စစ်တပ်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်-NCA လက်မှတ်ရေးထိုးထားသော သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ-RCSS ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး ယွက်စစ်က လူထုတွေ့ဆုံပွဲ လုပ်နေစဉ် စစ်တပ်က တိုက် လေယာဉ်ကို အနီးကပ်ပျံသန်း ခြိမ်းခြောက်လိုက်ကြောင်း RCSS က Tai Freedom မှတစ်ဆင့် သတင်းထုတ် ပြန် သည်။
ယမန်နေ့ မေလ ၂၇ ရက် နံနက် ၁၀ နာရီ ၅ မိနစ်အချိန် ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ ခိုအွတ် ကျေး ရွာအုပ်စု၊ ဝမ့်နန်းကျေးရွာရှိ ဒေသနေပြည်သူလူထု နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ-RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် အဖွဲ့တို့ u တွေ့ဆုံစဉ် စစ်ကောင်စီ၏ နမ့်စန်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စင်းဖြင့် ဝမ့်နန်းကျေးရွာအထက်ဝေဟင်မှ ၆ ကြိမ် တိုင်တိုင် အနီးကပ်လှည်ပတ် ပျံသန်းကာ ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုက်လေ ယာဉ်ဖြင့် အနီးကပ်ပျံ သန်းခြိမ်းခြောက်မှုကြောင့် မင်းအောင်လှိုင်၏ ရက် ၁၀၀ ငြိမ်းချမ်းရေးဖိတ်ခေါ် ချက် နှစ်ဦး နှစ်ဖက်အကြား ယုံကြည် နားလည်မှုများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က သတိပေးပြောဆိုသည်။
နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေး သ ဘောတူညီချက် များကို ထောက်ရှု၍လည်းကောင်း၊ ယခုခရီးစဉ်မှာ မိမိတို့ အုပ်ချုပ်ရေးနယ်မြေတွင်း ဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်သာဖြစ်သည့် အတွက် မည်သည့် စစ်ရေးပြင် ဆင်ချက်မျှ ပြုလုပ်မထားခြင်းတို့ကြောင့်လည်းကောင်း စစ်ကောင်စီ၏ ခြိမ်း ခြောက်မှုကို တစုံတရာ တုန့်ပြန်ခဲ့ခြင်းမရှိခဲ့သော်လည်း မင်းအောင်လှိုင်က ကမ်းလှမ်းထားသည့် ရက် ၁၀၀ ငြိမ်း ချမ်းရေးစီမံချက်မှာ ဤကဲ့သို့သော ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် မကိုက်ညီသည့်လုပ်ရပ်များ ကြောင့် နှစ် ဦး နှစ်ဖက်အကြား ယုံကြည် နားလည်မှုများကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်ဟု RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွတ်စစ်က မှတ်ချက်ပြုထားကြောင်း Tai Freedom က သတင်းထုတ်ပြန်သည်။
RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာတွင် စေတီထီးတော်တင် ပွဲပြုလုပ်အပြီး ထိန်းချုပ်နယ်မြေဒေသများအတွင်းရှိ ဒေသခံပြည်သူလူထု များနှင့်တွေ့ဆုံရန်အတွက် ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ့်နန်းကျေးရွာသို့ မေလ ၂၆ ရက်နေ့က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီက လေ့ကျင့်ပျံသန်းမှုဟု ပြန်လည်ချေပပြောဆိုချက်များ ကြားသိရသော်လည်း လက် တွေ့တွင် လေ့ကျင့်ပျံသန်းမှု ပုံသဏ္ဍာန်လုံးဝမရှိဘဲ တမင်သက်သက်ခြိမ်းခြောက်မှုကို ပြသသော စော်ကားပျံသန်းမှု တရပ်မျှသာဖြစ်သည်ဟု မျက်မြင်များက ပြောဆိုကြကြောင်း Tai Freedom က သတင်းထုတ်ပြန်ထားသည်။
RCSS သည် အကြမ်းဖက်စစ်တပ်နှင့် NCA လက်မှတ်ရေးထိုးထားပြီး စစ်အာဏာသိမ်းကာလ တစ် လျှောက်လုံး စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းဖြစ်သည်။
ဓာတ်ပုံ- Reuters နှင့် Tai Freedom ။