KIA၊ AA ပါဝင်တဲ့ တော်လှန်ရေးတပ်က တန်ပြန် ထိုးစစ်ဆင်လို့ ကသာနဲ့ အင်းတော်မှာ တိုက်ပွဲ ဖြစ်၊

KIA၊ AA ပါဝင်တဲ့ တော်လှန်ရေးတပ်က တန်ပြန် ထိုးစစ်ဆင်လို့ ကသာနဲ့ အင်းတော်မှာ တိုက်ပွဲ ဖြစ်၊
သုံးရက်ဆက် တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိ၊
ဝင်းသိန်း၊ ထင်လင်း/MFP၊

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်နဲ့ ကသာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား မေလ ၂၁ရက်က စလို့ သုံးရက်ဆက် တိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စု အလောင်းနဲ့ လက်နက် ခဲယမ်းတွေ သိမ်းဆည်း ရရှိထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ကသာမြို့နယ်၊ ကသာ-အင်းတော်ကြားရှိ ပင်းမလွတ်ရွာနဲ့ လမ်းခွရွာ အပါအဝင် မန္တလေး – မြစ်ကြီးနား ကားလမ်းတလျှောက်မှာ မေလ ၂၁ရက်ကနေ မေလ ၂၃ ရက်အထိ သုံးရက်ဆက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပြီး အာရက္ခတပ်တော် (AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံ တော်လှန်ရေး မဟာမိတ်တပ်တွေက အာဏာသိမ်း စစ်အုပ်စုကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။