” ပဲခူးဇလပ်ထော်တမံမှာ ကလေး (၄) ဦးလုံး အစုလိုက် ရေန-စ် ဆုံ-:ပါ:ရတဲ့ နောက်ကွယ်က မိဘတွေကို ကဲ့ရဲ့နေသူတွေ ပါးစပ်ပိတ်သွားစေမယ့် အမှန်တရား!
သတင်းအကြောင်းအရာ –
တစ်နိုင်ငံလုံးက မိဘပြည်သူတွေ ရင်ကွဲမတတ် ဝမ်းနည်းပူဆွေးနေရတဲ့ ပဲခူးမြို့ ဇလပ်ထော်ရေလှောင်တမံ ကလေး (၄) ဦး ရေန-စ် ဆုံ-:ပါ:မှု ဖြစ်စဉ်မှာ ကလေးနှစ်ဦးရဲ့ တီတီဖြစ်သူက ဝေဖန်ရေးသမားတွေကို အမှန်တရားအတိုင်း အခုလို သွေးမျက်ရည်ကျရင်း ရင်ဖွင့်တုံ့ပြန်လာပါတယ်။
“ငါတို့တစ်အိမ်လုံး ငရဲမီးလို ပူလောင်နေရချိန်မှာ မိဘတွေ အသုံးမကျဘူးလို့ လာမပြောကြပါနဲ့ဦး! ကလေးတွေက ကျူရှင်သွားတယ်ဆိုပြီး အိမ်က ထွက်သွားကြတာပါ။ ဒီကလေးတွေက အဲ့ဒီလို အဝေးကြီးကို သူတို့ဘာသာ မသွားတတ်ကြပါဘူး။ သူတို့ သိပ်ခင်ပါတယ်ဆိုတဲ့ အသက် (၁၇) နှစ်အရွယ် အမကြီးက ဆိုင်ကယ်ပေါ် ကလေးတွေကို တင်ပြီး ရေမကူးရလို့ တားမြစ်ထားတဲ့နေရာကို အဝေးကြီး ခေါ်သွားတာပါ။ ကလေးတွေမှာ အသိမရှိပေမယ့် ခေါ်သွားတဲ့သူ့မှာ အသိရှိသင့်တယ်။ ဝေဖန်နေတဲ့သူတွေ ငါတို့ရင်ထဲ ဝင်ခံစားကြည့်ကြပါဦး” ဟု လူမှုကွန်ရက်တွင် ရင်နင့်စွာ ပြောကြားထားသည်။
ယခုအခါ ဖိတ်စာတစ်ရွက်တည်းမှာတင် မိသားစုရဲ့ တူလေးနဲ့ တူမလေး နှစ်ယောက်လုံးရဲ့ နာရေးဖိတ်စာ ဖြစ်သွားခဲ့ရလို့ ကျန်ရစ်သူ တီတီဖြစ်သူက “တီတီချစ်တုံးလေးတွေ ကြိုက်တဲ့ဟာလေးတွေ တီတီအားလုံး စီစဉ်ပေးထားတယ်နော်၊ ကလေးလေးတွေရယ် အေးချမ်းစွာ အနားယူပါတော့” ဟု ကလေးများအတွက် နောက်ဆုံးခရီးကို ကောင်းမွန်စွာ ပြင်ဆင်ပေးထားရှာသည်။
📍 အစုလိုက် ဆုံ-:ပါ:သွားခဲ့ရသည့် သနားစရာ ကလေးငယ် (၄) ဦး –
၁။ မောင်ဖြိုးဇာနည်လင်း (အသက် ၁၀ နှစ်၊ Grade-4၊ EC ကိုယ်ပိုင်အထက်တန်းကျောင်း)
၂။ မပိုးဝတီ (အသက် ၁၁ နှစ်၊ Grade-5၊ အ.လ.က – ၈)
၃။ မစုပုံချစ် (အသက် ၁၁ နှစ်၊ Grade-6၊ အ.လ.က – ၁၀)
4။ မသဒ္ဒါရွှန်းလဲ့ (အသက် ၁၀ နှစ်၊ Grade-4၊ အ.ထ.က – ၁) တို့ ဖြစ်ကြပါတယ်။
ကျူရှင်သွားရာမှ အုပ်စုလိုက် ရေန-စ်ကာ ကံဆိုးစွာ ဆုံ-:ပါ:ခဲ့ကြရသည့် ကလေးငယ် (၄) ဦးလုံး ကောင်းရာသုဂတိလားပါစေ။ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ သားသမီးငယ်များကို အသက်မပြည့်သေးသူများနှင့် လိုက်ပါသွားခြင်း၊ ရေလှောင်တမံများအနီး သွားရောက်ခြင်းများ လုံးဝမပြုလုပ်မိစေရန် သတိပြုနိုင်ဖို့ ဒီဖြစ်စဉ်အမှန်ကို အမြန်ဆုံး မျှဝေ (Share) ပေးလိုက်ကြပါဦးဗျာ။ 😭💔👶