ရန်ကုန်အနီး ငလျင်ထပ်လှုပ်

ရန်ကုန်အနီး ငလျင်ထပ်လှုပ်
ရွှေပြည်စိုး/People’s Spring
ရန်ကုန်မြို့အထိ သက်ရောက်စေတဲ့ နောက်ထပ်ငလျင်တစ်ခု ကွမ်းခြံကုန်းမြို့အနီး မြန်မာ့ကမ်းရိုး
တန်းအနီးမှာဒီကနေ့ ညနေ ပိုင်းက ထပ်မံလှုပ်ရှားသွားပါတယ်။
ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတဲ့ ငလျင်ဟာ မေ
လ ၂၂ရက် ညနေ ၄နာရီ ၅၆ မိနစ်မှာ မြေအောက်
အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှု
ရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA)က ထုတ်ပြန်ထားပါတယ်။
အဲဒီငလျင်ကို အင်းစိန်၊ လှိုင်နဲ့ ဗဟန်းမြို့နယ်တွေကနေ ခံစားလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။အခုငလျင်ဟာရန်ကုန်မြို့အထိသက်
ရောက်စေတဲ့ငလျင် ၄ရက်အတွင်း နှစ်ကြိမ်လှုပ်ရှားခြင်းဖြစ်ပါတယ်။
မေလ ၁၈ရက်မနက်၈နာရီ၃၅မိနစ်ကလည်း ကျောက်တန်းမြို့ရဲ့မြန်မာ့ကမ်းရိုးတန်းအနီး မြေ
အောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး
ရစ်ခ်တာစကေး ၅ဒဿမ ၃အဆင့်ငလျင်လှုပ်ခဲ့ပြီးရန်ကုန်မြို့မှာသိသိသာတာခံစားခဲ့ရပါတယ်။
ရန်ကုန်မြို့ဟာ ဒေးဒရဲ ပြတ်ရွှေ့ကြောင့်ငလျင်
လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ ထိုးစိုက်ဇုန်ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ဒါ့အပြင်
ပဲခူးမြို့အနီးကစစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်းရန်ကုန်မြို့မှာငလျင် လှုပ်စေပါတယ်။
စစ်ကိုင်းပြတ်ရွေ့တောင်ဘက်အပိုင်းဟာပဲခူးင
လျင်အဖြစ် ၁၉၃၀ ခုနှစ်ကအင်အားပြင်း လှုပ်ခတ်ခဲ့ဖူးပါတယ်။ယင်းငလျင်ကြောင့်ရန်ကုန်မြို့မှာ အ
ဆောက်အအုံအချို့ပြိုကျပျက်စီးခဲ့ပြီး လူ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
စစ်ကိုင်းပြတ်ရွေ့က ၂၀၂၅ မတ်လ ၂၈ရက်မှာ မန္တလေးနဲ့စစ်ကိုင်းမြို့ကိုဗဟိုပြုပြီး ဗဟိုပြုပြီး ရစ်ခ်တာစကေး ၇ဒဿမ ၇ ရှိတဲ့ဖျက်အားပြင်းငလျင်ကြီး​ကြောင့်ပြည်သူ​ထောင်​ပေါင်းများစွာ​သေဆုံးခဲ့ပါတယ်။အဲဒီငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်တွေ အကြိမ်ရာချီလှုပ်ရှားနေပါတယ်။
(​မေ ၁၈ ရက်က ရန်ကုန်မြို့မှာ ငလျင်လှုပ်လို့ပြည်သူ​တွေလမ်း​ပေါ် ထွက်လာကြစဥ်။ဓါတ်ပုံ-CJ)