ရန်ကုန်နဲ့ ပဲခူး အရေးပေါ် ပြင်ဆင်ထားကြဖို့ သတိပေးပြီ!

ရန်ကုန်နဲ့ ပဲခူး အရေးပေါ် ပြင်ဆင်ထားကြဖို့ သတိပေးပြီ!
ဒါဟာ ကောလာဟလ မဟုတ်ဘဲ လူဦးရေ ထူထပ်ပြီး အထပ်မြင့်အဆောက်အဦတွေ များပြားတဲ့ ရန်ကုန်နဲ့ ပဲခူးမြို့မှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုပြီး ကြိုတင်ပြင်ဆင်မှုတွေ မဖြစ်မနေ ဆောင်ရွက်ထားဖို့ လိုအပ်နေပြီလို့ သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပဲခူးင-လျင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုလို အကြံပြုတိုက်တွန်းထားတာ ဖြစ်ပါတယ်။
င-လျင်ရဲ့ သဘောသဘာဝအရ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ပြ-င်းအား ဘယ်လောက်အထိ လှုပ်ခတ်မလဲဆိုတာကို ကမ္ဘာ့ထိပ်သီးနိုင်ငံတွေမှာတောင် ကြိုတင်မသိနိုင်ပါဘူး။ ဒါပေမဲ့ တူးမြောင်းတူးပြီး ရရှိလာတဲ့ မြေလွှာအသီးသီးက ကျောက်မီးသွေးတွေကို Dating ပေးပြီး သက်တမ်းပြန်တွက်တဲ့ နည်းပညာအရ င-လျင်ဟာ ဘယ်နှနှစ်အတွင်း တကျော့ပြန် လှုပ်ရှားနိုင်မလဲဆိုတာကို ခန့်မှန်းတွက်ချက်လို့ ရပါတယ်။
ဒေါက်တာယဉ်မျိုးမင်းထွေးရဲ့ ပြောကြားချက်အရ —
“ပဲခူးင-လျင်က အထူးသတိပြုသင့်တယ်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ရှားခဲ့တဲ့ င-လျင်ကြီး လှုပ်ရှားပြီးတဲ့နောက်မှာ နောက်ဆက်တွဲ အနေနဲ့ရော၊ အဲဒီင-လျင်လှုပ်ရှားမှုကြောင့် မြေလွှာကွဲအက်မှုက ဖြူးရဲ့အောက်ဘက်ပိုင်းကို မဆင်းသွားဘူး။ ဒီနောက်ပိုင်း မြေလွှာရွေ့လျားမှုအနေနဲ့ဆိုရင်လည်း ပဲခူးဘက်အပိုင်းဟာ ပုံမှန်ရွေ့လျားမှုထက် နှေးနေတာမျိုးရှိတယ်။ ဒီလိုအချက်အလက်တွေကြောင့် ပြန်လည်လှုပ်ရှားဖို့ရန် အလားအလာတော့ မြင့်နေတယ်လို့ ပြောရမယ်။ ပဲခူးင-လျင်က နောက်ဆုံး ၁၁၃၀ ပြည့်နှစ်က လှုပ်ရှားခဲ့တာဆိုတော့ အခုဆိုရင် ၉၆ နှစ် (နှစ် ၁၀၀ နီးပါး) ရှိလာပါပြီ။ ဒါကြောင့် သူ့ရဲ့ Return Period (တကျော့ပြန်ကာလ) အရ သက်တမ်းပြည့်မှ မဟုတ်ဘဲ ဒီကာလအတွင်း တစ်ချိန်ချိန်မှာ ပြန်လည်လှုပ်ရှားနိုင်ပါတယ်” လို့ သိရပါတယ်။
⚠️ တကျော့ပြန်လှုပ်ခတ်လာရင် ဘယ်လောက်အထိ ပြင်းထန်နိုင်မလဲ?
သတင်းကောင်းတစ်ခုကတော့ အဆိုပါ ပဲခူးင-လျင် သက်တမ်းပြည့်လို့ လှုပ်ခတ်လာရင် ယခင်နှစ်ပေါင်း ၉၀ ကျော်က လှုပ်ခတ်ခဲ့တဲ့ အင်အားကဲ့သို့ မပြင်းထန်နိုင်ဘဲ၊ မက္ကနီကျု့ပြ-င်းအား ၆ ဒသမ ၈ ကနေ ၇ ဒသမ ၀ ဝန်းကျင်ခန့် သာ ရှိပြီး အားပျော့နိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သမိုင်းမှတ်တမ်းတွေအရ ၁၉၃၀ ပြည့်နှစ်က ပဲခူးင-လျင် လှုပ်ခတ်စဉ်တုန်းက ပဲခူးမြို့မှာ အဆောက်အဦတွေ ထိခိုက်ပျ-က်စီးခဲ့သလို၊ ရန်ကုန်မြို့မှာလည်း လူနဲ့ အဆောက်အဦအများအပြား ထိခိုက်ခဲ့ဖူးပါတယ်။ ဒါကြောင့် လူဦးရေ ထူထပ်ပြီး အထပ်မြင့်တိုက်တာတွေ များပြားတဲ့ ရန်ကုန်နဲ့ ပဲခူးလို မြို့ကြီးတွေအနေနဲ့ င-လျင်ဒဏ်နဲ့ ပတ်သက်ပြီး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းတွေ အခုကတည်းက မဖြစ်မနေ ပြင်ဆင်ထားသင့်တယ်လို့ အကြံပြုထားပါတယ်။
(ယခုသတင်းကို စံတော်ချိန်နေ့စဉ်သတင်းစာ မှ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးအား ဆက်သွယ်မေးမြန်းချက်အရ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းသတင်းအပြည့်အစုံကို စံတော်ချိန်နေ့စဉ်သတင်းစာ (The Standard Time Daily) Facebook Page တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်ဗျာ။)
မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။ ခင်မင်ရတဲ့ မိတ်ဆွေတွေပါ ကြိုတင်သတိပြုမိအောင် အမြန်ဆုံး မျှဝေ (Share) ပေးလိုက်ပါဦး။