တကောင်း၊ ထီးချိုင့်၊ အင်းတော်နှင့်ကသာ နယ်မြေများကို ထိုးစစ်ဆင်လာသည့် စစ်တပ်အား အသေခံဒရုန်းများနှင့်တိုက်ခိုက်၊ စစ်သားအများအပြား သေဆုံး (ရုပ်/သံ)
မေ ၁၆၊ ၂၀၂၆
စစ်ကိုင်းတိုင်းအတွင်းရှိ တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေများအတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် တပ်သားတွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-Pdf မှ ထုတ်ပြန်လာပါတယ်။
ထုတ်ပြန်လိုက်တဲ့ ရုပ်သံဖိုင်အတွင်း စစ်တပ်ယာဉ်တန်းများ၊ လူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်သားတွေနဲ့ သူတို့စခန်းချရာ စခန်းကုန်းတွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကို တွေ့မြင်ရပါတယ်။
စစ်အုပ်စုဟာ စစ်မှုထမ်းဥပဒေအရ အဓမ္မစစ်မှုထမ်းခိုင်းခံထားရတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို အကာအကွယ်ပြုပြီး စစ်မျက်နှာဖွင့်နေသလို၊ PDF တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်သားအင်အားတွေ အဆမတန် ပြုန်းတီးထိခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူများ ယုံကြည်အားကိုးရတဲ့ ကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်တရပ်ဖြစ်လာစေဖို့ မဆုတ်မနစ် ကြိုးပမ်းတည်ဆောက်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Video-ပြည်သူ့ကာကွယ်ရေးတပ်မတော်-Pdf