လေဖိအားနဲ့ရပ်ဝန်းကြောင့် နိုင်ငံတစ်ဝန်းမိုး ကြီးနိုင်

​မေ-၁၄၊၂၀၂၆။မိထက်/ People’s Spring
ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့လေဖိအား
နည်း ရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းမေလ ၁၇ရက်မတိုင်ခင်အထိ မိုးကြီးနိုင်တယ်လို့အမျိုး
သားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမား
နဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန
(MOHADM)ကသတိ​ပေးထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ မေလ(၁၁)ရက်နေ့ကစပြီး လေဖိအားနည်း ရပ်
ဝန်းဖြစ်နေတာပါ။ လေဖိအားနည်း ရပ်ဝန်းဟာ ပိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
လက်ရှိရာသီဥတုအခြေအနေအရမြန်မာနိုင်ငံဒေ
သအနှံ့မှာမေလ ၁၇ရက်အထိ မိုးရွာနိုင်ပြီးကချင်
ပြည်နယ်၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊မကွေး
တိုင်း၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊ရန်ကုန်တိုင်းနဲ့ရောဝတီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ MOHADMက သတိပေးထားပါတယ်။
အထက်ပါဒေသတွေမှာ ပုံမှန်ထက်မိုးကြီးနေပြီး လေပြင်းတိုက်ခတ်တာတွေလည်း ရှ်ိနေတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။
အိန္ဒိယမိုးလေဝသဌာနက မေ ၁၃ ရက်ထုတ်ပြန်ချက်မှာလေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်မလာသေးပေမယ့် မြန်မာနဲ့ ‌ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဒေသတွေ မိုးနဲ့လေပြင်းအန္တရာယ်သတိပေးထားပါတယ်။
မေလ ၁၅ ရက်မှ စတင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသ‌တွေမှာမိုးပိုကြီးနိုင်ပြီး ကမ်း
ရိုးတန်းဒေသတွေမှာလေပြင်းတိုက်ခတ်ခြင်းနဲ့ လှိုင်းကြီးခြင်းတို့ကို သတိပြုဖို့လည်း သတိပေး
ချက်တွေရှိနေပါတယ်။
(၂၀၂၆ ဧပြီလကုန်ပိုင်းမှာ မိုးသည်းထန်စွာရွာပြီး ဆည်​ပေါက်​ချောင်း​ရေထဲ လမ်းဖြတ်ကူးတဲ့ကားပါသွားတဲ့အတွက် ကား​ပေါ်က ပြည်သူ​တွေကိုမီးသတ်တပ်ဖွဲ့နဲ့ ​ဒေသခံ​တွေက ကယ်တင်​နေစဥ်)