သီလရှင်ဝတ်စုံဖြင့် ပြိုင်ပွဲဝင်သည့် အလှမယ်အပါအဝင် Miss Grand Myanmar ပြိုင်ပွဲစီစဉ်သူများကို အမှုဖွင့်ထား၊ ပွဲကိုလည်းရက်အကန့်အသတ်မရှိရပ်ဆိုင်း
ဧရာဝတီတိုင်းမ်
မေ ၆ ရက်



ရန်ကုန်မြို့၊ The Eravati Sule Grand Yangon Hotel တွင် ပြုလုပ်နေသည့် Miss Grand Myanmar 2026 ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်သူ အလှမယ်တစ်ဦးက သီလရှင်ဝတ်စုံဖြင့် ဝတ်ဆင်ယှဉ်ပြိုင်ခဲ့သည့်အတွက် အုပ်ချုပ်ရေးအဖွဲ့များက အမှုဖွင့်ထားကြောင်း သိရသည်။
ပြီးခဲ့သည် မေ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် Miss Grand Myanmar ပြိုင်ပွဲ၌ တာချီလိတ်ကိုယ်စားပြု အလှမယ်က သီလရှင်ဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့မှုကို သာသနာညှိုးနွမ်းစေသည့် လုပ်ရပ်ဖြစ်သည်ဟုဆိုကာ ပါဝင်သူနှင့် ပွဲစီစဉ်သူ ၄ ဦးကို ပုဒ်မ ၂၉၅ (က)ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။
သာသနာညှိုးနွမ်းသည်ဟုဆိုကာ လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် သာသနာရေးဝန်ကြီးဌာနက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဆက်စပ်သူများကို အရေးယူနိုင်ရန် ရွေးတာအစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနထံ ယမန်နေ့ မေ ၅ ရက်က အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သီလရှင်ဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်သည့် အလှမယ်ကို Miss Grand Myanmar Organization က ယမန်နေ့ မေ ၅ ရက်တွင် ပြိုင်ပွဲမှ တရားဝင်ထုတ် ပယ်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။
သို့သော်လည်း ပွဲစီစဉ်သူနှင့် ပွဲတာဝန်ခံ မရမ်ဆိုင်းနော် နှင့် မရမ်လုလုအောင်တို့ကို ရပ်ကျေးဥပဒေ ပုဒ်မ ၂၆ နှင့် သာသနာညှိုးနွမ်းဥပဒေ ပုဒ်မ ၂၉၅(က)ဖြင့် အမှုဖွင့်ခဲ့ပြီး တာချီလိတ်ကိုယ်စားပြု အလှမယ် အိမွန်လွင်နှင့် City Director သန့်ဇင်ဦးတို့ကိုလည်း ပုဒ်မ ၂၉၅ (က) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ထိုဖြစ်ရပ်များဖြစ်ပွားပြီးနောက် Miss Grand Myanmar 2026 ပြိုင်ပွဲကို ရက်အကန့်အသတ်မရှိ ရပ် ဆိုင်းလိုက်ကြောင်း Organizations ကထုတ်ပြန်ထား သည်။
#MissGrandMyanmar2026 #သီလရှင်ဝတ်စုံ #ပြိုင်ပွဲဝင် #တာချီလိတ်အလှမယ် #ပုဒ်မ၂၉၅က ဖြင့်အမှုဖွင့် #Ayeyarwaddy_Times