ဆလန်ဂေါ​ပြည်နယ် ဆူလ်တန်ဘုရင်ကို စော်ကားသည့် ပို့စ်တင်သူ တစ်ဦးကို Bukit Mertajam တွင် ဖမ်းဆီး

ဆလန်ဂေါ​ပြည်နယ် ဆူလ်တန်ဘုရင်ကို စော်ကားသည့် ပို့စ်တင်သူ တစ်ဦးကို Bukit Mertajam တွင် ဖမ်းဆီး

ကွာလာလမ်ပူ (KUALA LUMPUR): ဆလန်ဂေါပြည်နယ် ဘုရင်(Sultan Sharafuddin Idris Shah) စော်ကား သည့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည့် မလေးရှားနိုင်ငံသား အမျိုးသားတစ်ဦးကို ပီနန်းပြည်နယ်၊ Bukit Mertajam တွင် ယနေ့ညနေပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်

Bukit Aman ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန (JSJ) ညွှန်ကြားရေးမှူး Datuk M Kumar က အောက်ပါအတိုင်း ပြောကြားခဲ့သည်

အသက် ၃၀ ကျော်အရွယ်ရှိပြီး အဆိုပါ သံသယရှိသူကို ယနေ့ည ၇:၁၀ နာရီတွင် Bukit Aman ရဲတပ်ဖွဲ့၊ ပီနန်းရဲဌာနချုပ်နှင့် မလေးရှား ဆက်သွယ်ရေးနှင့် မီဒီယာကော်မရှင် (MCMC) တို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းအသုံးပြုခဲ့သည်ဟု ယူဆရသော Samsung လက်ကိုင်ဖုန်း ၂ လုံးနှင့် ဆင်းမ်ကတ် (Sim Card) များကို သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်

ပြီးခဲ့သည့် မေလ ၂ ရက်နေ့က စော်ကားသည့်အကြောင်းအရာများ တင်ခဲ့သော ‘Lucas Liam’ အမည်ရှိ Facebook အကောင့်ကို စုံစမ်းစစ်ဆေးရာမှ ဖမ်းဆီးလိုက်တာပါ

လက်ရှိတွင် ယင်းကိစ္စနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရဲစခန်းတိုင်ကြားစာ (၁၂) စောင် လက်ခံရရှိထားသည်။

သံသယရှိသူကို ၁၉၄၈ ခုနှစ် လှုံ့ဆော်မှုအက်ဥပဒေ (Akta Hasutan)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၄ နှင့် ၁၉၉၈ ခုနှစ် ဆက်သွယ်ရေးနှင့် မီဒီယာအက်ဥပဒေ ပုဒ်မ ၂၃၃ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

kredit@ #SinarHarian