NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက်
မေ-၃၊ ၂၀၂၆။ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်
ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားတဲ့ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့ကပေးပို့ပါတယ် ။
နေရာဒေသ နဲ့ အချိန်ကာလကိုဖော်ပြမထားပေမယ့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီးနိုင်ကောင်းရွက်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့PDFတပ်မှူးအချို့ဟာ မြို့ပေါ် လူနေရပ်ကွက် အခုမှာ အရပ်ဝတ်တွေနဲ့ သက်တောင့်သက်သာ အနေအထားနဲ့ လမ်းလျှောက်နေကြတာ တွေ့ရပါတယ်။
မိနစ်ဝက်ခန့်သာရှိတဲ့ ရုပ်သံမှာ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက အခု နေရာဟာ ပဲခူးတိုင်းအတွင်း စိုးမိုးထားတဲ့နေရာလို့ ပြောပါတယ်။
“ငါ့အကိုလည်းတောထဲမှာမဟုတ်တော့ဘူး။ ငါ့အကိုလည်း မြို့ပေါ်မှာ မြို့သားကြီး ပြန်ဖြစ်သွားပြီ”လို့ ရှေ့ဆုံးက နေကာမျက်မှန်နဲ့ လမ်းလျှောက်နေတဲ့ ဦးမင်းကိုနိုင်ကို ရဲဘော်တင်ဦးက စနောက်နေတာကိုလည်း ရုပ်သံမှာတွေ့ရပါတယ်။
စစ်အုပ်စုဘက်ကတော်လှန်ရေးခေါင်းဆောင်တွေကို နိုင်ငံခြားမှာနေထိုင်ကြသူတွေလို့ဝါဒဖြန့်တိုက်ခိုက်လေ့ရှိကြပေမယ့် ခေါင်းဆောင်တွေ
ဟာ မြေပြင်မှာရှိနေတာကို တွေ့နေရတယ်လို့ ရုပ်သံပေးပို့တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“မအလ ရက် ၁၀၀ လုပ်မနေနဲ့ ဒီမှာက ရပ်ကွက်တွေထဲ လျှောက်သွားပြီ။ နေပြည်တော်ရောက်တော့မယ်”လို့လည်းသတင်းရင်းမြစ်က တော်
လှန်ရေးခေါင်းဆောင်တွေ ရဲ့ မြေပြင်ကွင်းဆင်းနေတဲ့ အခြေအနေကို ပြောပါတယ်။
NUG ယာယမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တို့ အပါအဝင် ဝန်
ကြီး ဒုဝန်ကြီးတွေ မြေပြင်ကွင်းဆင်းတာ၊ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံတာ၊ ရှေ့တန်းစခန်းတွေ သွားရောက်တာ၊ စစ်မြေပြင်ဒေသတွေ သွားရောက်တာ စတဲ့ မှတ်တမ်းတွေကိုလည်း ထုတ်ပြန်ခဲ့ဖူးပါတယ် ။
ရုပ်သံ-YNLP